Pattaya မှာကြော်ငြာ သွားရောက်ရိုက်ကူးနေတဲ့ ဝိုင်းလေး – Myanmar Hot News
7th June 2023

Pattaya မှာကြော်ငြာ သွားရောက်ရိုက်ကူးနေတဲ့ ဝိုင်းလေး

အဆိုပိုင်းမှာ ပါရမီပြည့်ရုံသာမက အတီးအခက်ပိုင်းမှာလဲ တော်တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် Model တစ်ယောက်အနေနဲ့လဲ ဆုရရှိထားပြီး ဘက်စုံတော်ကာအနုပညာကိုအဖက်ဖက်ကနေ ပြည့်စုံအောင်ကြိုးစားနေသူလေးကတော့ ဝိုင်းလေးဖြစ်ပါတယ်

အခုကတော့ ကြော်ငြာရိုက်ကူးရေးအတွက် ဘန်ကောက်ကိုရောက်ရှိနေပြီး ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းတဲ့ သူမကတော့ အကောင်းဆုံးကြိုးစားနေတာဖြစ်လို့ မကြာမှီထွက်ရှိလာမယ့် ကြောငြာလေးကိုအားပေးဖို့ ပြောထားပါတယ်။

ကြော်ငြာရိုက်ကူးပြီးနောက် ” ဘန်ကောက်မှာ ဝိုင်းဝိုင်းလေး လည်လည် ….
အဖေရယ် အမေရယ် အစ်မရယ်အတွက်ဈေးဝယ် ” လို့ ဘန်ကောက်မှာ ဈေးဝယ်ထွက်နေတဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ အတူ ရေးသား ဖော်ပြထားပါတယ်။

Source; Wyne Lay

Leave a Reply

Your email address will not be published. Required fields are marked *