
အကောင်သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေးဖြစ်ပြီး တက်သစ်စ အနုပညာရှင်လေး နော်ဖောအယ်ထာ ကတော့ ကြော်ငြာ တွေအပြင် ရုပ်ရှင်ဇာတ်လမ်းတွေပါ ရိုက်ကူးလာပြီး ပရိတ်တွေရဲ့ အားပေးသဘောကျမှုကိုလဲ ရရှိလာသူလေးဖြစ်ပါတယ်။


သူမပါဝင် သရုပ်ဆောင်ထားတဲ့ ပျောက်ဆုံးနေသော အမှန်တရား ဇာတ်လမ်းတွဲလေးမှာဆိုရင်တော့ သုဒွာ ဇာတ်ကောင် နေရာကနေ အားဖြည့်ထားရတာဖြစ်ပြီး အကောင်းဆုံးကြိုးစားမှုတွေကြောင့် ပရိသတ်တွေဆီကနေ အချစ်များစွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ မျက်နှာပိုင်ရှင်လေးသူမကတော့ ထိုဇာတ်လမ်းတွဲဇာတ်ရုပ်နဲ့ကိုက်ညီအောင် မိတ်ကပ် ပြင်ဆင်လိမ်းခြယ်ခဲ့ ရပြီ မြေကြီးထဲမှာ စိမ့်နေအောင်အေးနေပေမယ့်လည်း ရေနွေးအိတ်တွေကိုယ်ပေါ်တင်ပြီး အသက်အောင့်ပြီးရိုက်ခဲ့ရတဲ့ ညတွေလဲရှိတယ်လို့ဆိုကာသုဒွာရဲ့ အမှတ်တရပုံရိပ်တွေကို သူမရဲ့ Social account ပေါ်မှာတင်ထားပါတယ်။

Source ; Naw Phaw Eh Htar