
ပရိသတ်တွေ တစ်ခဲနက် အားပေးကြတဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့”ကျွန်မကမဟေသီ” ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာသူတစ်ဦးဖြစ်ပါတယ်။

ဗီလိန်ဇာတ်ရုပ်ဖြစ်ပေမယ့်လို့ သရုပ်ဆောင်ပညာ ကောင်းမွန်လွန်လို့ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှာကိုရရှိထားခဲ့တာဘဲဖြစ်ပါတယ်။ သံသာမိုးသိမ့်က လက်ရှိမှာလဲ မတူတဲ့ ဇာတ်ရုပ်နဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေပြီး အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပါတယ်။

မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ဒီနေ့မှာ အနုပညာရှင်နဲ့ သူမရဲ့ ပရိတ်သတ်တွေအတွက် စိုးရိမ်လို့ သူမကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးကိုပြောပြထားပါတယ်။

“ဒီနံပါတ်ကိုအနုပညာရှင်များသတိထားပါနော် သံသာဆီကိုဖုန်းဆက်ပြီး wave money က သီတင်းကျွတ် bonus ပေါက်လို့ ငွေ ၅၀၀၀၀ ထုတ်လို့ရပါတယ်ဆိုပြီးဖုန်းဆက်ပါတယ် သူတို့ password ခြောက်လုံးပို့လိုက်ပါတယ် စစ်ပေးပါဆိုပြီး ပြောတော့ ကြည့်လိုက်တော့ fb reset code ဆိုပြီးmsg ဝင်လာပါတယ် မသိတဲ့သူများသာ ဒီဂဏန်းခြောက်လုံးပြောလိုက်ရင် acc hack ခံထိပါပီ သတိထားပါ ဘာမှမယုံပါနဲ့ “ဟု ပြောပြထားတာကိုတွေ့ရပါတယ်။သံသာမိုးသိမ့်ကတော့ fb အကောင့်ကို လိုချင်သူ အချို့ရဲ့ အကြံတွေကို အများသတိထားမိလာအောင်ပြောပြထားခဲ့ပါတယ်။

Source Than Thar Moe theint