
ရုပ်ရှင်ချစ်ပရိတ်သတ်တွေရဲ့ အားပေးထောက်ခံမှုကိုအပြည့်အဝရရှိထားတဲ့ ခီမောင်နှံ တို့ဟာ အရည်အသွေးပြည့်မှီတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများနဲ့ မြန်မာ့အနုပညာလောကကို တစ်ဆင့်မြင့်စေသူတွေဘဲဖြစ်ကြပါတယ်။ ဝါသနာတူ အကျင့်တူ ဇနီးမောင်နှံ နှစ်ယောက်ဟာ တူညီတဲ့ ရည်မှန်းချက်တစ်ခုတည်းကို ဦးတည်လျှောက်လှမ်းနေတာ ဖြစ်ပြီ ပရိတ်သတ်အားကျရတဲ့ စုံတွဲလေးဘဲဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာလ (၁၈)ရက်နေ့ကတော့ ဒါရိုက်တာခရစ္စတီးနားခီရဲ့ မွေးနေ့ရက်မြတ်လေးဘဲဖြစ်ပါတယ်။ဒါရိုက်တာ ခရစ္စတီနားခီရဲ့ မွေးနေ့လေးအတွက်ကို “ထာဝရနှောင်ကြိုး”ရုပ်ရှင်အဖွဲ့သားတွေက မွေးနေ့ Surprise ပွဲလေးစီစဉ်ပေးခဲ့ကြတာကြောင့် ခရစ္စတီးနားခီက သူ့ရဲ့လူမှုကွန်ရက်ကနေ ကြည်နူးပီတီဖြစ်မိကြောင်းရေးသားထါးခဲ့ပါသေးတယ်။

ဒီလို မွေးနေ့ Surprise လေးလုပ်ပေးကြတဲ့အကြောင်းကို ခရစ္စတီးနားခီက”ည (၁၂) နာရီကျော် သမ္မတမှာ ရုပ်ရှင်လာစစ်တုန်း surprise လုပ်ခံရ အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ရုပ်ရှင် poster အပြင် ခရစ္စရဲ့ပုံနဲ့ Happy Birthday wish လုပ်ပေးတဲ့ သမ္မတ ရုပ်ရှင်ရုံကိုလည်းကျေးဇူးတင်ပါတယ်”ဆိုပြီး ည(၁၂)နာရီမှာ မွေးနေ့ Surprise ပွဲလေးအပြင် သူ့ရဲ့ ဓာတ်ပုံလေးနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားထားပါသေးတယ်။

လတ်တလောမှာတော့ ဒါရိုက်တာ ခရစ္စတီးနားခီ ပုံဖော်ရိုက်ကူးပြီး မင်းသားချော ဇဏ်ခီနဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောက်တိုဘာလ (၃၁)ရက်နေ့မှာရုံတင်ပြတော့မှာလည်း ဖြစ်ပါတယ်။ခီမောင်နှံရဲ့အနုပညာ ကို ယုံကြည်အားပေးတဲ့သူတွေ ရုံတင်ရင်ကြည့်ဖို့မမေ့နဲ့ဦးနော်။

Source Christina Kyi