
ပရိတ်သတ်တွေအားပေးမှု၇ိုအပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး ရွှေအိမ်စည် ကတော့ လက်ရှိမှာ အနုပညာ အလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေတာဘဲဖြစ်ပါတယ်။ သွယ်လျကျော့ရှင်းတဲ့ ခန္ဓာကိုယ် နဲ့ စတိုင်ကျကျ နေတတ်တဲ့ ရွှေအိမ်စည်ဟာ မော်ဒယ် ပိုင်းမှာ အောင်မြင် နေရုံသာမက ရုပ်ရှင် ဇာတ်ကားတွေမှာပါ ကြိုးစားသရုပ်ဆောင်နေတာတွေ့ရပါတယ်။ အိမ်စည်ဟာငယ်ငယ်၇ွယ်၇ွယ်နဲ့ အောင်မြင်နေသူပီပီ လူအများရဲ့မလိုမုန်းထားမှုကိုလည်း ခံရလျက်ရှိပါတယ်။

အခုတစ်ခါမှာတော့ အိမ်စည်က သူမကို တိုက်ခိုက်နေတဲ့ လူတွေ အပေါ် စိတ်ထားကိုပြောပြလာပါတယ်” နောက်ကွယ်မှာပြောတာ ပြောပါစေ ရှေ့တင်ကြီး လာပြောနေတာမှ မဟုတ်တာ လာပြောလို့လည်း မရဘူးလေ ကိုယ့်ကိုတွေ့ရင်တော့ပြုံးနေရတာဘဲ ဘယ်သူမှလည်း ကိုယ့်ရှေ့မှာပေါ်တင်ကြီးလာပြောနေတာမတွေ့ဖူးသေးဘူး” ဟုဆိုလာပါတယ်။


အိမ်စည်က အမြဲ ဖျတ်လတ်တက်ကြွကာ ဗွင်းဗွင်းရှင်းရှင်းပြောတတ်သူမို့ ဝေဖန်ခံနေရတာဘဲဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လို တိုက်ခိုက် အိမ်စည်က အိမ်စည်ပါဘဲနော်။

Source Cele yatkwat