
စမိုင်းလ်ကတော့ အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းတာကြောင့် ပရိတ်သတ်တွေအားပေးမှုရရှိထားတဲ့ မင်းသမီးလေးတစ်ဦးပါ။အနုပညာ လုပ်ငန်းတွေနဲ့ဝေးကွာနေပြီဖြစ်ပေမယ့် သူမရဲ့ပရိတ်သတ်တွေကတော့ ယနေ့ထိတိုင် အားပေးချစ်ခင်နေဆဲပါ။


လက်ရှိမှာ ချစ်ခင်ပွန်းနဲ့အတူ သမီးလေးတွေနဲ့ သာယာတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားပြီး အလှူအတန်းတွေဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိပါတယ်။


ယခုမှာလည်း ချစ်ခင်ပွန်းရဲ့ ၃၈နှစ်ပြည့် မွေးနေ့လေးမှာ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာ ဘုရားဖူးဧည့်သည်တွေ စတုဒီသာကျွေးမွေးပြီး အလှူတန်းတွေပြု လုပ်ခဲ့ပါတယ်။စိတ်ထားကောင်းလွန်းတဲ့ စမိုင်းလ်တို့မိသားစု ဒီထက်မက လှူနိုင်ပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

ပရိတ်သတ်ကြီးအတွက် စမိုင်းလ်တို့မိသားစုရဲ့ စတုဒီသာ အလှူပုံရိပ်လေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။

Wunna
Source,စမိုင်းလ်’fb