
လူရွှင်တော်အဖြစ်နဲ့ အနုပညာလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပြီး ရုပ်ရှင်လောကမှာပါ အောင်မြင်မှုတွေရရှိနေတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်နော်။ခင်လှိုင်ဟာ နှစ်တော်တော်ကြာ အနုပညာလောကမှာ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိတ်သတ် အားပေးမှုကို အခိုင်အမာရရှိထားသူဖြစ်ပါတယ်။


လက်ရှိမှာ သရုပ်ပိုင်းအပြင် ကိုယ်တိုင်ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတဲ့ ချိုးရုပ်ဆိုတဲ့ ရုပ်ရှင်ကားကြီးကလည်း ပရိတ်သတ် ၀န်းရံမှုတွေနဲ့ အတူ မကြာခင်မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။

ယခုမှာတော့ သူလိုချင်နေတဲ့ နောက်ဆုံးပေါ် iphoneကြီးကို သတင်းကျွတ် အထိမ်းအမှတ်အဖြစ် ကန်တော့ခဲ့တဲ့ သူ့မိသားစုကို ကျေးဇူးတင်ပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို သူ့ရဲ့ ပရိတ်သတ်တွေအတွက် လူမှုကွန်ရက်မှာ မျှဝေပေးခဲ့ပါတယ်။

Wunna
Source,Khin Hlaing