
အနုပညာလောကကိုရောက်ရှိလာတာမကြာသေးပေမယ့်လဲ သူမရဲ့အပြုအမူနေထိုင်မှုအပေါ်ကို ချစ်ခင်ကြိုက်နှစ်သက်တာကြောင့် ပရိသတ်ချစ်တဲ့အနုပညာကြယ်ပွင့်တစ်ပွင့်အနေနဲ့ရပ်တည်နေတာပဲဖြစ်ပါတယ်။

သူမကတော့ ဇာတ်လမ်းတွဲတွေမှာ သူမကျရာဇာတ်ရုပ်ကိုအကောင်းဆုံး သရုပ်ဆောင်ချပြနိုင်သူလေးဖြစ်ပြီး သူမကိုချစ်တဲ့ပရိသတ်တွေကိုလဲအလေးပေးချစ်မြတ်နိုးသူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့အသည်းကျော်လေးဖြစ်နေတာပါ။

သီတင်းကျွတ်ကာလရောက်ရှိနေတာကြောင့် သူမရဲ့သူငယ်ချင်းတွေကတော့ မင်္ဂလာဆောင်တွေဖိတ်တာကြောင့် ပန်းကြဲတာတို့ မင်္ဂလာပွဲတက်တာတို့လုပ်ဖြစ်နေပြီး သူမအနေနဲ့တော့ ဘယ်တော့မှန်းမသိလို့ ပရိသတ်တွေကို စနှောက်ဟန်လေးနဲ့ရေးသားခဲ့ပါတယ်။


Photo Source ; Poe Kyar Phyu Khin