
လူကြီးလူငယ် ပရိတ်သတ်တွေရဲ့ အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ စိုင်းစိုင်းဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်၂ခုလောက်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်လာရာ ယနေ့အချိန်ထိကို အောင်မြင်မှုကိုထိန်းထားနိုင်ဆဲရှိပါတယ်။

ပြုမှုပြောဆိုပုံ ပြေပြစ်ပြီးပရိတ်သတ်တွေအပေါ် ဆက်ဆံရေး ကောင်းတဲ့ သူလည်း ဖြစ်တာကြောင့် လူငယ်များရဲ့ IDOLအဖြစ် သတ်မှတ်ခံထားရသူပါ။

စိုင်းစိုင်းကသီချင်းများကိုလည်း ရင်ထဲထိ ထိအောင် ရေးဖွဲ့ သီဆိုနိုင်သူလည်း ဖြစ်ပါတယ်။

ယနေ့မှာတော့ စိုင်းစိုင်းက ပရိတ်သတ်တွေ သိချင်နေကြတဲ့ အကြောင်းလေးတစ်ခုကို ဖြေပေးလာခဲ့ပါတယ်။ မကြာသေးခင်က Tiktok အသုံးပြုသူတွေကြားမှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ တက်သစ်စမင်းသမီးချောလေး နော်ဖောအယ်ထား တစ်ယောက်တည်းကိုသာ Followလုပ်ထားတဲ့ သတင်းက ပရိတ်သတ်တွေကအတော်လေးစိတ်ဝင်စားခဲ့ပါတယ်စိုင်းစိုင်းက ” ကျွန်တော်အမှန်တော့ Tiktok မသုံးတတ်ဘူး အခုမှစသုံးဖို့ကြိုးစားတုန်း အဲ့နေ့က ကျွန်တော်တို့ SAMSUNG Brand Ambassador တွေ နဲ့အတူ Tiktok တစ်ခု လုပ်ကြတယ် သက်မွန်မြင့်တို့လည်း ပါတယ်ကျွန်တော်က မသိဘူး tiktokကို အဲ့မှာ နော်ဖောကို Tiktokသုံးတတ်လားရှိလားပေါ့ အဲ့တာနဲ့ သူနဲ့ အပြန်အလှန် Followလုပ်ဖြစ်သွားတာ ” ဟုပြောသွားပါတယ်။

Source MC