
သားလေးသမီးလေးတွေနဲ့အတူ သာယာတဲ့ မိသားစုလေး တစ်ခု တည်ဆောက်ထားပြီး တစ်ဖက်မှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။သက်မွန်က မကြာသေးခင်က သူမရဲ့ “ဘာလာလာ” ၇ုပ်ရှင်ဇာတ်ကားဟာလည်း ပရိတ်သတ်တွေရဲ့ အကြိုက်ကိုတွေ့စေခဲ့ပါတယ်။မကြာခင်မှာလည်း သက်မွန် သရုပ်ဆောင်ထားတဲ့ “သခင်ကြီးနဲ့ငပိတို့စရာ “ဇာတ်ကားဟာလည်းရုံတင်ပြသတော့မှာဖြစ်ပါတယ်။

သက်မွန်ဟာ ခီမောင်နှံ ဦးဆောင်ရိုက်ကူးတဲ့ ဇာတ်ကားလေးဖြစ်တု့ “ဥပါယ်တံမျှဉ် “ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယင်းဇာတ်ကားလေးဟာလည်း ပရိတ်သတ်တွေကြားအတော်လေးပေါက်ခဲ့ပါတယ်။ခီမောင်နှံရယ်လို့ ဖြစ်လာစေတဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်းဟုတ်ပါတယ်။


ဒီတစ်ခါမှာလည်း သက်မွန်ရဲ့ ဇာတ်ကားလေးဖြစ်တု့ “သခင်ကြီးနဲ့ငပိတို့စရာ ” ဇာတ်ကားဟာ ခီမောင်နှံ ရိုက်ကူးထားတဲ့ ” ထာဝရနှောင်ကြိုး ” ဇာတ်ကားနဲ့ ရုံတင်ရက်တူလျက်ရှိပါတယ်။ ချစ်သက်ကတော့ ခီမောင်နှံနဲ့ အလုပ်အတူတူ တွဲလုပ်ခဲ့ရတဲ့ နေ့ရက်တွေကို ပြန်အောက်မေ့ကာပြောပြလာပါတယ်” သူတို့နဲ့ အလုပ်လုပ်ရတာ ကောင်းတယ် actor တွေအပေါ် အရမ်း ဂရုစိုက်တတ်တယ် အခုလည်း ဇာတ်ကားလေးက ရုံတင်ရက်တူလာတော့ ကံပါတယ် ရေစက်လို့ဘဲ ပြောရမှာပေါ့”ဟုပြောပြသွားခဲ့ပါတယ်။ ဇာတ်ကားကောင်းတွေ များစွာရုံတင်နေတာမို့ဒီလလေးကတော့ ရုပ်ရှင်ခ်ျစ်ပရိတ်သတ်တွေ ဘယ်ကားကြည့်ရမလဲရွေးခက်ကာ ခေါင်းစားစေမယ့် လလေးပါဘဲနော်။

Source MC