တရုတ်စကားပန်းလေးနဲ့အရမ်း လှနေတဲ့ ပိုင်ဖြိုးသု – Myanmar Hot News
31st May 2023

တရုတ်စကားပန်းလေးနဲ့အရမ်း လှနေတဲ့ ပိုင်ဖြိုးသု

ပိုင်ဖြိုးသု လေးကတော့ သူမသရုပ်ဆောင်ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Now & Ever ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Now & Ever movie World Premier ပြပွဲလေးကို အောက်တိုဘာလ ၂၂ရက်နေ့မှာပြသခဲ့တာဖြစ်တာကြောင့် ထိုပွဲလေးကိုတက်ရောက် ခဲ့ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီး ကတော့ ချစ်ခြင်းမေတ္တာတရားကိုဖော်ညွှန်းထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ Review များစွာလဲရရှိထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။

Now & Ever ရုပ်ရှင်ဇာတ်ကားကြီး မှာဆိုရင်တော့ သူမအကောင်းဆုံးကြိုးစား ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ထိုဇာတ်ကားကြီးထဲမှာ တမူမတူတဲ့ ဇာတ်ရုပ်မှာ ဇာတ်လမ်းရဲ့အဓိကဇာတ်ရုပ်ကိုပေါ်လွင်အောင် စိတ်နှစ် ပြီး ကြိုးစား သရုပ်ဆောင်ထားတာတွေ့ရပါတယ်။

ထိုပွဲလေးကိုတက်ရောက်လာတဲ့ သုသုရဲ့ အလှကတော့ ပြောစရာမလိုအောင်ပြီးပြည့်စုံလွန်းနေပါတယ်။အဝါရောင်ဂါဝန်လေးနဲ့ တရုတ်စကားပန်းလေးပန်ထားကို တွေ့ရတာ ကလေးလေးတစ်ယောက်လိုချစ်ဖို့ ကောင်းနေပါတယ်။သူမရဲ့လှပပြီးပြည့်စုံနေတဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source ; Paing Phyo Thu

Leave a Reply

Your email address will not be published. Required fields are marked *