
အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည်ကတော့ ပရိတ်သတ်တွေ တစ်ခဲနက်အားပေးမှုကို ရရှိထားတဲ့ မင်းသမီးတစ်လက်ဘဲဖြစ်ပါတယ်။ သမီးလေး နဲ့ သာယာတဲ့ မိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး အနုပညာ အလုပ်တွေကိုလည်း ပရိတ်သတ်နဲ့ အဆက်မပြတ်လုပ်လျက်ရှိနေပါတယ်။

ခိုင်သင်းကြည်ရဲ့ ဇာတ်ကားတိုင်းဟာလည်း ရုံမှာ မပြတ်ဆိုသလို တင်လျက်ရှိပါတယ်။ မင်းသမီးချော ခိုင်သင်းကြည်က ကျရာဇာတ်ရုပ်ကိုပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိတ်သတ်အားပေးမှုရရှိနေတာဘဲဖြစ်ပါတယ်။

သိုပေမယ့် ခိုင်သင်းကြည် တစ်ယောက်ဟာ ဟာသကားတွေချည်းဘဲ ရိုက်နေတယ် ဟု ပရိတ်သတ်အချို့ရု့ ဝေဖန်သုံးသပ်မှုတွေ လည်းထွက်လာခဲ့ပါတယ်။

ပျော်ပျော်နေတတ် စတတ်နောက်တတ်တဲ့ ခိုင်သင်းကြည်ဟာ ဇာတ်ကားတွေမှာလည်း ပရိတ်သတ်တွေ ရယ်မောပျော်ရွှင်စေတဲ့ ဟာသမင်းသမီးလို့တောင်ဆိုရမှာပါ။ ခိုင်သ င်းကြည် ဇာတ်ကားရွှေချယ်ပုံနဲ့ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ပြောပြလာပါတယ်” အခုနောက်ပီုင်းတော့ ဇာတ်ကားလေးတွေ သေချာ ရွေးပြီး ၇ိုက်နေတယ် ပရိုဂျူဆာတွေကိုလည်း တောင်းပန်ထားရတယ် တစ်ချို ထပ်နေတဲ့ ကာရိုက်တာတွေ မင်းသမီးတစ်လက်ပါတယ်ဆိုရုံလောက်လေး ဇာတ်ကားတွေ မရိုက်ချင်တော့ဘူး ဒါပေမယ့် ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားတွေ အတွက်နောင်တတော့မရဘူး ပရိတ်သတ်တွေက ကိုယ်လုပ်တာတွေ ကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်တော့ ကုသိုလ်ရပါတယ်ကိုယ်ကြောင့်ရယ်ရတာ လာငှါးတဲ့ သူတွေကလည်း ဟသ ဘဲငှါးတယ် ဇာတ်ကောင်းကောင်းကို တစ်ခါမှမရဘူး ” ဟုပြောလာပါတယ်။

ပရိတ်သတ်တွေ ရော မခိုင်လေးကို ဘယ်လို ဇာတ်လမ်းမျိုးလေးနဲ့ မြင်စေချင်လဲ ပြောပြဦးနော်။
Source Pannpwint