
ဂီတလောကရဲ့ ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းနဲ့ လူငယ်ပရိတ့သတ်တွေ အားပေးရတဲ့ G fattတို့ဟာ အတူတူ တွဲကာ သီချင်းအသစ်လေးတစ်ပုဒ်ကို ထပ်မံဖန်တီးနေလျက်ရှိပါတယ်။

နှစ်ယောက်လူံးဟာ ပရိတ်သတ်အခိုင်အမာနဲ့ အောင်မြင်သူတွေ ဖြစ်ကြပြီး လက်ရှိမှာလည်း နှစ်ယောက်အတူတူ တွဲကာ သီချင်းလေး ဖန်တီးမှာကြောင့် ပရိတ်သတ့တွေက ၇င်ခုန်စွာနဲ့ စောင့်မျော်လျက်ရှိပါတယ်။

မကြာသေးခင်ကလည်း G-Fattနဲ့ ဖြူဖြူကျော်သိန်းတို့ဟာ “ပညတ်တော် (၁၀)ပါး”သီချင်းလေးကို သီဆိုခဲ့ပြီး ပရိတ်သတ်တွေ သဘောကျခဲ့ရပါတယ်။

လက်ရှိမှာလည်း နောက်ထပ်သီချင်းလေးတစ်ပုဒ်ကို နှစ်ယောက်ပေါင်းပြီး ထပ်မံဖန်တီးနေတယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေဖော်ပြလာပါတယ်”G Fatt နဲ့ ဖြူဖြူ သီချင်းသစ်တွေအတူတူလုပ်နေကြပြီ မကြာမီ လာမည် မျှော်”လို့လည်း သီချင်းလေးကို မကြာမီအချိန်မှာတော့ ပရိသတ်တွေရဲ့ အရှေ့ကို ချပြတော့မှာဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။

Source PhyuPhyukyawThein