
မိန်းကလေးပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ မင်းသားချောပိုင်တံခွန်ဟာ လက်ရှိမှာ ကြော်ငြာတွေပွဲတက်တွေအပြင် ရုပ်ရှင် ဇာတ်ကားတွေပါရိုက်ကူးနေကြီး အနုပညာ အလုပ်တွေကိုခပ်သွက်သွက်လေးလုပ်နေပါတယ်။
မြန်မာပရိတ်သတ်တွေအပြင် ထိုင်းပရိတ်သတ်တွေရဲ့ အချစ်ကိုပါရရှိထားပြီး အရင်ထက်အောင်မြင်ကျော်ကြားလာတဲ့မင်းသားတစ်လက်ဘဲဖြစ်ပါတယ်။

ဘယ်လိုပင် လူချစ်လူခင်ပေါပေမယ့်လည်း ဒီလို စမတ်ကျပြီး ချောမောတဲ့မင်းသားချောကိုတောင်ဝေဖန်တိုက်ခိုက်တဲ့ လူအချို့ရှိပါတယ်။ ဒါကလည်းသဘာဝမို့ မော်ဒယ်မင်းသားချော ပိုင်တံခွန် ကတော့ သူအနေနဲ့ haterတွေကိုဘယ်လိုမှမတွေးကြောင်းပြောပြလာပါတယ်” အလုက်တစ်ခုလုပ်ရင်ကကောင်းတာနဲ့မကောင်းတာကဒွန်တွဲနေတာဘဲ

ပရိတ်သတ်တွေလည်း ကောင်းတာရှိသလို သဘောမကျတာလဲရှိမယ် လူတွေက အကုန်လုံးဖြူနေတာတောင် အမည်းတစ်စက်လေးကို ရှာပြီးပြောကြတာဆိုတော့ hater တွေ trollerတွေကရှိမှာဘဲ အဓိကကိာယ်စိတ်ထားကောင်းကောင်းထားတယ် အဲ့တော့ ကိုယ်ဆီကောင်းတဲ့ လူတွေ ရောက်လာတယ် အလုပ်ကသင်ပေးသွားတာလည်းပါပါတယ် အရင်ကတော့အခုလိုမဟုတ်ဘူး ” ဟုပြောပြလာပါတယ်။

မော်ဒယ်မင်းသားချောလေး ပိုင်တံခွန် တောင်အတော်လေးရင့်ကျက်ပြီး Proဆန်လာတယ်လို့ပြောရမယ်နော်။
ပရိတ်သတ်တွေအတွက်ပိုင်တံခွန်ရဲ့ ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်နော်။

Source Paing Takhon