
မော်ဒယ်လောကထဲကိုဝင်ရောင်စဉ်ထဲက အခုချိန်ထိ အနုပညာလျှောက်လှမ်းပေါ်မှာ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ ရွှေအိမ်စည်လေးကတော့ သူမရဲ့မွေးနေ့အကြိုလေးကို ရွှေတိဂုံဘုရားပေါ်မှာ မိသားစု၊သူငယ်ချင်းတွေနဲ့အတူတူ ဆီမီးတစ်ထောင် သွားရောက်လှူဒါန်ခဲ့တာပဲဖြစ်ပါတယ်။


သူမရဲ့မွေးနေ့ နေ့ရက်လေးကိုအေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တာဖြစ်တာကြောင့် တနေကုန်အလုပ်တွေဖြတ်ထားတာပဲဖြစ်ပါတယ်။မွေးနေ့ ရဲ့ညနေ့ဘက်လေးအချိန်မှာတော့ မွေးနေ့ပွဲလေးပြုလုပ်သွားမှာဖြစ်ပါတယ်။မွေးနေ့ရဲ့ ညလေးမှာတော့ သူငယ်ချင်းများက Surprise လေးလုပ်ပေးခဲ့ပါတယ်။

မနှစ်ကမွေးနေ့တွေမှာက အလုပ်တွေနဲ့ပဲရှုပ်နေခဲ့တာကြောင့် ကိုယ့်မွေးနေ့ကိုယ်တောင် မေ့နေခဲ့တယ်။အခုနှစ်တွေမှာတော့ သူမအနေနဲ့ တည်တည်ငြိမ်ငြိမ်လေးနဲ့ အေးအေးဆေးဆေး မိသားစု သူငယ်ချင်းတွေနဲ့ အတူတူ ဖြတ်သန်းချင်တယ်။ အရင်နှစ်တွေက မေမေကအနားမှာမရှိဘူး ဒီနှစ် မှာတော့မေမေ ကအနားမှာရှိတော့ ပိုအားရှိတယ်လို့လဲပြောပြထားပါတယ်။

Photo Source; Shwe Eain Si