
အနုပညာလောက နှစ်အတော်ကြာရပ်တည်ခဲ့ပြီး ယနေ့ထိတိုင် ထိပ်တန်းမင်းသမီး တစ်လက်အဖြစ်နဲ့ ပရိတ်သတ် ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သက်မွန်မြင့်ကို အားလုံးပဲ ချစ်ခင်အားပေးကြလိမ့်မယ် ထင်ပါတယ်နော်။


ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းတဲ့ မျက်နှာလေးနဲ့ ပွင့်လင်းတဲ့သူမဟာ အမြဲတမ်းပျော်ရွှင်နေတတ်တဲ့သူလေးပါ။လက်ရှိမှာ သူမပါဝင်သရုပ်ဆောင်ထားတဲ့ သခင်ကြီးနဲ့ ငပိတို့စရာဆိုတဲ့ ရုပ်ရှင်ဇာတ်ကြားကြီးကလည်း ရုံတင်တော့မှာဖြစ်ပြီး ပရိတ်သတ် အားပေးဝန်းရံမှု အများကိုရရှိထားပါတယ်။

ယခုမှာတော့ သူမဟာ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှပနေတဲ့ သူမရဲ့ဓာတ်ပုံလေးတွေကို သူမရဲ့ချစ်ပရိတ်သတ်တွေအတွက် မျှဝေပေးခဲ့ပါတယ်။ကဲ ပရိတ်သတ်ကြီးအတွက် ချစ်သက်ရဲ့ ကျက်သရေရှိလှတဲ့ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Wunna’
Source,Thet Mon Myint’fb