
သူမရဲ့လှပသေသပ်လှပြီး ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကြောင့် ဘယ်အချိန်ကြည့်ကြည့် အေးဆေးတည်ငြိမ်တဲ့ပုံစံလေးကိုလဲတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူမရဲ့ဆွဲဆောင်မှုရှိပြီးချစ်ဖို့ကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်တော်လေးအဖြစ် အနုပညာလမ်းကြောင်းပေါ်မှာ ကြယ်ပွင့်တစ်ပွင့်အနေနဲ့ရပ်တည်နေပါတယ်။

မိန်းကလေးလေးအချင်းချင်းတောင်သဘောကျနှစ်သက်ရတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။လူငယ်ပရိသတ်တွေရဲ့ အားပေးနှစ်သက်မှုကိုအပြည့်အဝရရှိထားပြီး အနုပညာလောကထဲကိုစတင်ရောက်ခဲ့စဉ်က ဗီလိန်အနေအထားနေရာသဘောကနေသရုပ်သရုပ်ဆောင်အားဖြည့် ခဲ့ရသော်လည်း သူမရဲ့ပင်ကိုယ် သရုပ်ဆောင်ပီပြင်ခဲ့တာကြောင့် ဗီလိန်ဇာတ်ရုပ်ကိုတောင်မေ့ဖျောက်စေခဲ့ပြီး အားပေးခဲ့ကြပါတယ်။

သူမရဲ့ယနေ့ထွက်ရှိခဲ့တဲ့ဓါတ်ပုံလေးတွေကတော့မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့တကယ်ကို ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာမလေးအသွင်အပြင်နဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။အလွန်လှပတဲ့ အဖြူအင်္ကျီလေးနဲ့ချိတ်ထမီလေးကိုဝတ်ဆင်ထားတာကတော့ မြင်သူတိုင်းငေးမောရလောက်တဲ့ အလှအပတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။


Photo Source; Wint Yamone Naing