ပိုက်​ဆံရှိလို့ ဘဲမလိုဘူးလို့​ပြောလာတဲ့​နေခြည်​ဦး – Myanmar Hot News
30th May 2023

ပိုက်​ဆံရှိလို့ ဘဲမလိုဘူးလို့​ပြောလာတဲ့​နေခြည်​ဦး

တက်​သစ်​စ မင်းသမီး​ချော​လေး​နေခြည်​ဦးဟာ လတ်​တ​​လောမှာပါ ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို တစ်​ခဲနက်​ရရှိထားတဲ့ သူပါ။
သူမရဲ့ အချစ်​ဇာတ်​ကား​လေးဖြစ်​တဲ့.”အခမ်းနားဆုံး​မေတ္တာ” ဇာတ်​ကား​လေးဟာလည်း အား​ပေးသူအ​မြောက်​အမြားနဲ့ နှစ်​ပတ်​ဆက်​တိုက်​ရုံတင်​ပြသခဲ့ရပါ​သေးတယ်​။

နိုင်​ငံတစ်​ဝှမ်းလုံးက ပရိတ်​သတ်​​တွေရဲ့ အား​ပေးခံရ​လို ​ဝေဖန်​တိုက်​ခိုက်​မှုများစွာကိုခံစားရသူဘဲဖြစ်​ပါတယ်​။ သို​ပေမယ့်​ ​နေခြည်​က အရင်​ထက်​ပို​အောင်​မြင်​လာကာနာမည်​​ကျော်​လူသိများလာကြပါတယ်​။

နေခြည်​က သူမရဲ့ အချစ်​​ရေးနဲ့ပတ်​သတ်​ပြီးပွင့်​ပွင့်​လင်းလင်းချပြ​လေ့ရှိပြီး ​ဒီ​နေ့မှာလည်း သူမရဲ့ တစ်​ကိုယ်​ ဖြတ်​သန်း​နေတဲ့ အ​ကြောင်းနဲ့ ပတ်​သတ်​ပြီး​ပြောပြလာပါတယ်​” ဘဲမထား​တော့ဘူး​လေ ပိုက်​ဆံရှိရင်​ဘဲ မလိုဘူး ပိုက်​ဆံရှိရင်​ စားချင်​တာစား သူငယ်​ချင်း ​တွေနဲ့ အချိန်​ကုန်​ night outထွက်​ချင်​လည်းထွက်​ ၂၄နာရီမှာ၂နာရီ​လောက်​ဘဲ အထီးကျန်​ တာ​ပါ အဲ့တာ​လောက်​နဲ့​တော့ဘဲမထား​ချင်​ဘူး တစ်​ခါတစ်​​လေ​တော့ တိုင်​ပင်​​ဖော်​တိုင်​ပင်​ဖက်​ ညဘက်​​တွေဘာ​တွေဆို ဖုန်း​ပြောချင်​တာ​တွေဘာ​တွေရှိတယ်​” ဟု​ပြောပြလာပါတယ်​။

နေခြည်​က ချစ်​သူနဲ့ ပြတ်​စဲကာ ကာလအ​တော်​ကြာသည်​ထိကို singleဘဝနဲ့ဖြတ်​သန်း​နေပြီး အနုပညာ အလုပ်​​တွေကိုကြိုးစားလုပ်​ကိုင်​​နေပါတယ်​။
လက်​ရှိမှာလည်း အဝင်းနဲ့ အခြားအနုပညာရှင်​​တွေနဲ့အတူ “အိမ်​မက်​​တွေမိုးထားတဲ့အိမ်​” ဇာတ်​လမ်းတွဲ​လေးမှာပါဝင်​သရုပ်​​ဆောင်​​နေတယ်​လို့သိရပါတယ်​။

Source Myanmar cele7

Leave a Reply

Your email address will not be published. Required fields are marked *