
ကျရာဇတ်ရုပ်ကို အပီပြင်ဆုံးဖြစ်အောင်၊ ဇာတ်ကောင်နဲ့ ထပ်တူကျအောင် ကြိုးစားသရုပ်ဆောင်တတ်တဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကို ပရိတ်သတ်တွေက ယနေ့တိုင် ချစ်ခင်အားပေးနေရတာပါ။သူတို့ရဲ့ သာယာအေးချမ်းတဲ့ မိသားစုလေးကိုလည်း တည်ဆောင်ထားပြီး အနုပညာ အလုက်တွေကိုမပြတ်လုပ်ဆောင်နေသူပါ။

အိန္ဒြာကျော်ဇင်ဟာ အနုပညာရှင်အချင်းချင်းကတောင် တစ်ခေတ်မှာတစ်ယောက်လို့ချီးကျူးယူရတဲ့ အထိကို ဒရာမာချိုတွေကိုပိုင်နိုင်ပြီး ပရိတ်သတ်တွေ ကို ရင်ဘတ်ထဲ ထိစေသူပါ။
အူဝဲရဲ့ “ရင်ဘတ်ထဲကဓား” ” ဟစ်တိုင်” စတဲ့ ဇာတ်ကားများမှာလည်း နာမည်ကြီးအောင်မြင်ခဲ့ပြီး

သူမရဲ့ ဇာတ်ကားများဟာလည်း ရုံတင်တိုင်း လူအပြည့်နဲ့ ပရိတ်သတ်အခိုင်အမာရှိသူပါ။
မကြာမီ လာမယ့် ၃၁ ရက်နေ့မှာလည်း အူဝဲနဲ့ နေတိုးတို့ ပြန်ဆုံက သရုပ်ဆောင်ထားကြတဲ့ ” Box No.88″ဇာတ်ကားလေးဟာရုံတင်တော့မှာဖြစ်ပါတယ်။ ယင်းဇာတ်ကားလေးမှာ အူဝဲက စိတ်နှစ်ခုနဲ့ သရုပ်ဆောင်ထားရပြီး သူမမလုပ်ခဲ့ဖူးသေးတဲ့ ကာရိုက်တာ တစ်ခုကို ဖန်တီးသရုပ်ဆောင်ထားကြောင်းသိရပါတယ်။

လတ်တလောမှာမှ ပရိတ်သတ်တွေအကြားရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး အူဝဲရဲ့ နောက်ထပ်အောင်မြင်မယ့်
ဇာတ်ကားလေးတစ်ကားဖြစ်လာမှာအသေအချာပါဘဲ။

Source myanmar cele 7