
ညိုချောလေးအိမ်ချစ်လေးကတော့ အနုပညာပိုင်းမှာထူးချွန်ပြောင်မြှောက်လှတဲ့ ဂီတအနုပညာတွေကို ဖန်တီးနိုင်စွမ်းရှိပြီး ဖေဖေချစ်ကောင်းရဲ့ အနုပညာအမွေတွေကိုဆက်ခံရရှိထားတဲ့သူလေးဖြစ်ပါတယ်။ သူမအနေနဲ့က ဂီတ အနုပညာဘက်မှာ အစွမ်းရှိသမျှ ဖန်တီး ချပြခဲ့ပြီး ပရိသတ်အကြိုက်တွေ့ကာ အောင်မြင်မှုမှတ်တိုင် အများစုကို စိုက်ထူးထားနိုင်ခဲ့ပါတယ်။


သူမရဲ့ အောင်မြင်မှုလမ်းကြောင်းကိုအမြဲထိန်းသိမ်းထားနိုင်ပြီး လူငယ်ကော လူကြီး ပရိသတ်တွေပါ သူမသီဆို ထုတ်ဝေခဲ့တဲ့ သီချင်းတွေကိုနှစ်သက်သဘောကျခဲ့ကြပါတယ်။အရင်ကအိမ့်ချစ်နဲ့ အခုအိမ့်ချစ်နဲ့ မှားလောက်အောင် ၀လာပြီး ပိုလို့ချစ်ဖို့လဲကောင်းလာပါတယ်။

အရင်ကအကောင်သေးသေးလေးနဲ့ အသားညိုညိုကောင်မလေးကတော့ အခုအခါမှာတော့ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်အသွင် ပြောင်းလဲတွေ့ရမှာပဲဖြစ်ပါတယ်။ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ၀လာရတာကတော့ အတိုက်အခိုက်တွေမရှိတာ့ဘဲ စိတ်ချမ်းချမ်းသာသာလေးနေလာရလို့ပဲဖြစ်ပါတယ်။

Photo Source ; Eint Chit