
မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ဟာ အများနဲ့မတူအောင်ချောမောလှပရုံသာမက ကျရာဇာတ်ရုပ်တွေမှာလည်း အကောင်းဆုံးသရုပ်နိုင်သူမင်းသမီးချောလေးဘဲဖြစ်ပါတယ်။ပရိတ်သတ်တွေ ဖူးဖူမှုတ် ချစ်ရတဲ့ ကစ်လေးဟာ လက်ရှိမှာလည်း အနုပညာ အလုပ်တွေကိုမနားတမ်းလုပ်ကိုင်လျက်ရှိပြီး မကြာခင်မှာလည်း ကစ်ရဲ့ ဇာတ်ကားသစ်တွေကိုပရိတ်သတ်တွေ ကြည့်ရှုခွင့်ရတော့မှာပါ။


ကစ်ကတော့ ကြော်ငြာတွေ ပွဲတက်တွေ နဲ့ အခုရက်ပိုင်းမှာ အလုပ်ရှုပ်နေပြီး ၁၁ လပိုင်း ကျော်မှ ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည် ၇ိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။
လာမယ့် နိုဝင်ဘာ ၉ရက်နေ့မှာလည်း Fan meeting လေးလုပ်ဖို့လည်းရှိပါသေးတယ်။
ဒီနေ့မှာတော့ အားလုံးသိကြတဲ့ ဒီဇိုင်နာမင်းသက်စံက သူ့ရဲ့ ဖန်တီးမှုလေးတွေကို ပရိတ်သတ်ကိုချပြလာပါတယ်။ ပုံထဲမှာတော့ ကစ်တစ်ယောက် ရွှေ အပြည့်နဲ့ မဟာဆန်ဆန်လှရက်နေတာပါ။

“အောင်သမာဓိ ရွှေဆိုင်ရဲ့ကြော်ငြာလေးရိုက်ကူးပြီးစီးပါပြီ။ ရွှေကစ်ကို ရွှေတွေနဲ့ အလှဆုံးဖန်တီးပေးထားပါတယ်။”ဟုဆိုကာ ကစ်လေးရဲ့ အလှဆုံးပုံလေးတွေကိုတင်ထားတာတွေ့ရပါတယ်။ကစ်ကေ ဘယ်လိုဘဲဆင်ဆင်လိုက်ဖက်နေတာပါဘဲ။
ပရိတ်သတ်တွေအတွက် ဝတ်မှုန်ရွှေရည် ရဲ့ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

Source Minn thet sean