ဂုဏ်​ပြု ပုံတူရုပ်​တု​လေး​ကြောင့်​ ပီတီဖြစ်​ခဲ့ရတဲ့ သက်​မွန်​မြင့်​ – Myanmar Hot News
22nd March 2023

ဂုဏ်​ပြု ပုံတူရုပ်​တု​လေး​ကြောင့်​ ပီတီဖြစ်​ခဲ့ရတဲ့ သက်​မွန်​မြင့်

ပရိတ်​သတ်​​တွေသည်းသည်းလှုပ်​ချစ်​ကြတဲ့ အကယ်​ဒမီ မင်းသမီး​ချောသက်​မွန်​မြင့်​က​တော့အနုပညာ သက်​တမ်းကြာမြင့်​တဲ့အထိကို ပရိတ်​သတ်​​တွေရဲ့ အား​ပေးချစ်​ခင်​မှု​လျော့ကျသွားခြင်းမရှိဘဲ လက်​ရှိအချိန်​ ထိ​အောင်​မြင်​​နေဆဲ မင်းသမီးတစ်​လက်​ဘဲ ဖြစ်​ပါတယ်​။ သား​လေးသမီး​လေး​တွေနဲ့အတူ သာယာတဲ့ မိသားစု​လေး တစ်​ခု တည်​​ဆောက်​ထားပြီး တစ်​ဖက်​မှာလည်း အနုပညာအလုပ်​​တွေကို လုပ်​ကိုင်​​နေသူလည်းဖြစ်​ပါတယ်​။
သက်​မွန်​မြင့်​ဟာ ရုပ်​ရှင်​ဇာတ်​ကား​တွေကိုလည်း​သေချာ​လေးစီစစ်​ပြီးရိုက်​ကူး​နေပြီးသူမရဲ့ ဇာတ်​ကား​ကောင်းများဟာလည်းရုံတင်​ထားလျက်​ရှိပါတယ်​။

လာမယ့်​ ၃၁ ၇က်​​နေ့မှာ ရုံတင်​မယ့်​ “သခင်​ကြီးနဲ့ငပိတို့စရာ ” ဇာတ်​ကားမှာလည်း သူမတူတဲ့ ကာရိုက်​တာတစ်​မျိုးနဲ့ ပရိတ်​သတ်​​တွေကိုသူမရဲ့ အနုပညာကိုချပြထားပါ​သေးတယ်​။
အားလုံးကိုသ​ဘောထား​ကောင်းလွန်းတဲ့သူ၊ အလုပ်​ကိုတာဝန်​​ကျေ​ကျေလုပ်​တတ်​တဲ့ ချစ်​သက်​​လေးကို “သခင်​ကြီးနဲ့ငပိတို့စရာ ” အဖွဲသား​တွေက ပုံတူရုပ်​တု​လေးနဲ့ ဂုဏ်​ပြု​ပေးခဲ့ပါတယ်​။

ချစ်​သက်​လေးက​တော့” ဝမ်းသာပါတယ်​မင်းသမီးတစ်​​ယောက်​ကို ဒီလို​လေးလုပ်​​ပေးလို့ ပြီးဒီ​ကားမှာသက်​မွန်​လုပ်​ကွက်​လည်း ရတယ်​ အစက ပုံတူလုပ်​​ပေးမယ်​ surprise တဲ့ ထင်​တာ အိမ်​မှာထားလို့ရမယ့်​ အရုပ်​​လေးထင်​​နေတာ ဒီ​ရောက်​​တော့မှ​တွေ့ရ​တော့ အံ့သြသွားတယ်​ ၁၈ ​ပေ​လောက်​ရှိတယ်​ထင်​တယ်​” ဟု ​ပြောပြသွားခဲ့ပါတယ်​။
သက်​မွန်​ရဲ့ ပရိတ်​သတ်​​တွေလည်း သက်​မွန်​ရဲ့ မတူတဲ့ မြင်​​နေကျမဟုတ်​တဲ့ ဇာတ်​ရုပ်​ကို မြင်​ချင်​တဲ့သူ​တွေ ၃၁ ရက်​​နေ့ ” သခင်​ကြီးနဲ့ငပိတို့စရာ ” ဇာတ်​ကားကို ကြည့်​ဖို့မ​မေ့နဲ့ဦး​နော်​။

Source MC

Leave a Reply

Your email address will not be published. Required fields are marked *