
မတူညီတဲ့ အသွင်အပြင်နဲ့ သရုပ်ဆောင်တွေကို ရုပ်ရှင်ဇာတ်ကားကြီး တစ်ခုထဲမှာတွေ့မြင်ရမယ့် ဇာတ်ကားကြီးကတော့ စတုတ္ထမြောက်သွေးကြောမျှင် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ထိုရုပ်ရှင် ဇာတ်ကားကြီးကိုတော့ 7th Sense Creation ရုပ်ရှင်ထုတ်လုပ်ရေးမှ တင်ဆက်မယ့် ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဘယ်လိုမျိုး ဇာတ်ကွက်တွေမျိုးနဲ့ ထွက်ပေါ်လာမလဲဆိုတာကတော့ စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။


ထိုဇာတ်ကားကြီးမှာဆိုရင်တော့ ဝါရင့်သရုပ်ဆောင်များဖြစ်တဲ့ နိုင်းနိုင်း နဲ့ အိန္ဒြာကျော်ဇင်တို့ ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆောင်အငယ်လေးတွေဖြစ်တဲ့ ရွှေထူးနဲ့ မေမြင့်မိုရ်လေးတို့ကလဲ အတူတူပါဝင် သရုပ်ဆောင် ကြမှာပဲဖြစ်ပါတယ်။ဘယ်လိုထူးကဲတဲ့ သရုပ်ဆောင်ချက်တွေနဲ့ တွေ့မြင်ရမလဲဆိုတာကတော့ စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။

စတုတ္ထမြောက်သွေးကြောမျှင် ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ နေဟိန်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ဇာတ်ညွှန်းအနေနဲ့ကတော့ လူနေကနေ ရေးစပ်ပုံဖော်ထားတာပဲဖြစ်ပါတယ်။7th Sense Creation ထုတ်လုပ်ရေးကနေ ပုံဖော်ထုတ်ဝေသမျှ ရုပ်ရှင်ကားကြီးတွေကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကြခဲ့ပါတယ်။အခုထွက်ရှိလာမယ့် ဇာတ်ကားကြီးကလဲ ဘယ်လို ပုံရိပ်တွေနဲ့ ထွက်ပေါ်လာမယ်ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားနေပြီပဲဖြစ်ပါတယ်။

Photo Source; 7th Sense Creation