ငြိမ်းငြိမ်းချမ်းချမ်း​လေးနဲ့ကုသိုလ်​​ရေး​တွေလုပ်​ကာ ​ပျော်​ရွှင်​​နေတဲ့ သင်​ဇာဝင့်​​ကျော် – Myanmar Hot News
31st May 2023

ငြိမ်းငြိမ်းချမ်းချမ်း​လေးနဲ့ကုသိုလ်​​ရေး​တွေလုပ်​ကာ ​ပျော်​ရွှင်​​နေတဲ့ သင်​ဇာဝင့်​​ကျော်

ယောကျာ်း​လေးပရိတ်​သတ်​​တွေရဲ့ အထူးအား​ပေးခြင်းကို ရရှိထားတဲ့ မင်းသမီး​ချော​လေးဖြစ်​တဲ့ သင်​ဇာဟာအမြဲလိုလိုလည်း ဖက်​ရှင်​အလန်းစား​တွေနဲ့ ပရိတ်​သတ်​​တွေကြားထဲ ပွဲဆူ​စေသူလည်းဖြစ်​ပါတယ်​။ သင်​ဇာက​တော့ သူမရဲ့ အလှအပ​တွေကို ယုံကြည်​မှုရှိရှိနဲ့ ထုတ်​​ဖော်​တတ်​ပြီး ​ယောကျာ်း​လေးပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို အထူးရရှိထားတဲ့သူလည်း ဖြစ်ပါတယ်​။

သင်​ဇာဟာ ​ခေတ်​ဆန်​ဆန်​နဲ့ အမြဲ တက်​ကြွ​နေတက်​ပြီး ဘာသာတရားကိုလည်း လိုက်​စားတဲ့သူလည်းဖြစ်​ပါတယ်​။ ဘာသာ​ရေးလည်းမြဲသလို အလှုအတန်းအ​ပေးအကမ်းမှာလည်း လက်​မတွန့်​သူဖြစ်​တာမို့အနုပညာရှင်​အချင်းချင်းကပါ ချီးကျူးရသူပါ။

မကြာခဏ အလှူအတန်း​တွေလုပ်​​လေ့ရှိသလို အခုတစ်​ခါမှာလည်း ​အောင်​ဇမ္ဗူ​တောရဓမ္မရိပ်​သာ​ကျောင်းကိုလည်း ​ငွေ​ကြေးလှုူ ဒါန်းခဲ့ပါ​သေးတယ်​။
ပရိတ်​သတ်​​တွေကလည်း သင်​ဇာကို အလှူအတန်းနဲ့ပတ်​သတ်​ရင်​ မချီးကျူးဘဲ မ​နေနိုင်​ကြပါဘူး။

သင်​ဇာဟာ အခြားအနုပညာရှင်​​တွေနဲ့အတူတူ အလှူအတန်းပြုလုပ်​ခဲ့ပြီး သူမတို့အုပ်​စုရဲ့အမှတ်​တရပုံ​လေး​တွေကိုလည်း My day​တွေမှာတင်​ထားခဲ့ပါတယ်​။
သင်​ဇာဟာလတ်​တ​လောမှာ မြမြ ဇာတ်​ကားမှာပါဝင်​သရုပ်​​ဆောင်​လျက်​ရှိပြီး မကြာခင်​ပရိတ်​သတ်​​တွေ​ရောက်​ရှိလာမှာဘဲဖြစ်​ပါတယ်​။

Source Thin zar wint kyaw

Leave a Reply

Your email address will not be published. Required fields are marked *