
MYANMAR IDOL မှ တစ်ဆင့် ပရိတ်သတ်တွေ ရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ချမ်းမြေ့မောင်ချိုက လက်ရှိ မှာ အနုပညာ အလုပ်တွေ ကိုကြိုးစားလုပ်ကိုင်လျက်ရှိပြီး သူမရဲ့ ပရိတ်သတ်တွေ အတွက်ကြိုးစားလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်နေ့မှာပင် အသက်၂၀ပြည့်သွားခဲ့ပြီး ငယ်ရွယ်ပြီး တက်ကြွတဲ့သူမဟာ အနုပညာ အလုပ်တွေပို မာန်ပါပါ လုပ်ဆောင်လျက်ရှိနေပါတယ်။
မောင်ချိုလေးဟာ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေလေး ထုတ်ဖို့စီစဉ်နေပြီဟုသိရပါတယ်။တစ်ကိုယ်တော်ခွေကြောင့် အလုပ်တွေ ရှုပ်နေတဲ့ မောင်ချိုလေးက စားမေးပွဲတစ်ဖက် ပွဲတွေ တစ်ဖက်နဲ့ မအားလပ်နိုင်ရှိနေပါတယ်။

မောင်ချိုကတော့ လက်ရှိမှာ အဝေးသင်စာမေးပွဲကို ဖြေဆိုနေတယ်လို့သိရပါတယ်။ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ စာတွေကျက်နေရင်း သူ့ရဲ့ငယ်ဘဝကပညာရေးနဲ့ပတ်သတ်ပြီး ” စာကျက်နေရင်းနဲ့ ငယ်ငယ်ကအကြောင်းကိုပြန်စဉ်းစားမိတယ် ။ ငါတော်တော်ဉာဏ်ကောင်းပါလားဆိုပီး ကွကိုယ်အရမ်းအထင်ကြီးသွားတယ်။ ဘာလို့လဲ ဆိုတော့သုံးတန်းတုန်းက သင်္ချာကို သုံးမှတ်နဲ့ကျတာကိုအခုထိမှတ်မိနေလို့ပဲ ” ဆိုပြီး ပြောပြခဲ့တာပါ။

မောင်ချိုလေးကပွင့်ပွင့်လင်းလင်းနဲ့ ပရျတ်သတ်တွေ ရယ်စရာလေးအဖြစ်ပြေါပြခဲ့ပါတယ်။ လက်ရှိမှာတော့ စာမေးပွဲတွေအတွက် အကောင်းဆုံးဖြေဆိုနေတယ်လို့သိရပါတယ်။

Source chan myae maung cho