
ပရိတ်သတ်တွေအားပေးချစ်ခင်ကြတဲ့ ဆယ်လီစုံတွဲလေးတွေထဲက တစ်တွဲဖြစ်တဲ့ အဆိုတော်ကျော်ထွဋ်ဆွေနဲ့ မော်ဒယ်ချောလေး နန်းသူဇာတို့ဟာ ယနေ့အချိန်ထိကို သွားအတူလာအတူနဲ့ တွဲလက်တွေမြဲလျက်ရှိပါတယ်။နှစ်ယောက်ဟာ ကာလအတန်ကြာသည့်အထိကို နှစ်ယောက်အတူတူ ဘဝကိုဖြတ်သန်းခဲ့ကြပြီး သစ္စာရှိရှိနဲ့ ချစ်ကြတာကြောင့်လည်း ပရိတ်သတ်တွေက အားပေးချစ်ခင်ကြတာပါ။ဒီနေ့မှာတော့ နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေတို့နှစ်ယောက်ကသူတို့ရဲ့ ဆက်ဆံရေးလေးကိုပြောပြလာပါတယ်။


“ရန်ဖြစ်တာက ဖေ့စ်ဘုတ် Password တောင်းတာကနေပြီးတော့ စတာပဲ ။မနေ့ကတောင်ဖ်ြသေးတယ် တောင်းရင် ပေးလိုက်ပေါ့။ သူက မပေးချင်ဘူး။ ဒီတိုင်းလည်း ကိုယ်ယူကြည့်နေတာဘဲ သူမဟုတ်တာမလုပ်မှန်းလည်းသိပါတယ် ဒါပေမယ့်တောင်းတော့ပေးလိုက်ပေါ့ အဲ့ဒီတော့ အမြင်ကပ်လို့ တမင်တကာ တောင်းတာ” ဆိုပြီးတော့ ဖေ့သ်ဘုတ်Password မပေးလို့ ရန်ဖြစ်ကြတဲ့အကြောင်းပြောပြလာခဲ့ပါတယ်။

နှစ်ယောက်က အရင်ကထက် တစ်ယောက်နဲ့တစ်ယောက်နားလည်ဖို့ကြိုးစားနေကြပြီး အချင်းချင်းပျော်စရာတွေကိုဘဲ မျှဝေပေးဖြစ်တယ်ဟုဆိုလာပါတယ်။ပရိတ်သတ်တွေလည်းချစ်ဖို့ကောင်းတဲ့ ဒီအတွဲလေး မြန်မြန်ပေါင်းဆည်းနိုင်ပါစေလို့လည်း ဆုတောင်ပေးလိုက်ဦး။

Source Myanmar cele 7