Box No.88ထဲက ကာရိုက်​တာနဲ့ပတ်​သတ်​ပြီး​ပြောပြလာတဲ့ ​နေတိုး – Myanmar Hot News
6th June 2023

Box No.88ထဲက ကာရိုက်​တာနဲ့ပတ်​သတ်​ပြီး​ပြောပြလာတဲ့ ​နေတိုး

ပရိတ်​သတ်​ချစ်​တဲ့မင်းသား​ချော​နေတိုး ဟာ အနုပညာ​လောကမှာ ဆယ်​စုနှစ်​​ကျော်​​ကျော်​ထိကိုရပ်​တည်​​နေခဲ့​ပေမယ့်​ အရင်​တုန်းကအတိုင်းပင်​ နုပျို သွက်​လက်​​နေတုန်းပါဘဲ။လက်​ရှိအချိန်​ထိကို တစ်​ကိုယ်​တည်းရပ်​တည်​​နေပြီး အနုပညာအ​ပေါ်ဘဲ စိတ်​နှစ်​ထားကာ ကြိုးစား​နေသူဖြစ်​ပါတယ်​။နေတိုးရဲ့ ဇာတ်​ကားများစွာဟာ ရုံတင်​ထားလျင်​ရှိပြီး သူရဲ့ ပရိတ်​သတ်​​တွေကလည်း မပြတ်​တမ်းအား​ပေးကြပါတယ်​။

နေတိုးရဲ့ ဇာတ်​ကားတိုင်းဟာလည်း ပရိတ်​သတ်​​တွေဝက်​ဝက်​ကွဲအား​ပေးရပြီး လက်​ရှိမှာလည်း ဇာတ်​ကာယ​ကောင်း​လေးတစ်​ကားထွက်​ဖို့ရှိပါ​သေးတယ်​။ယင်းဇာတ်​ကားထဲက ​နေတိုးဟာ သတင်း​ထောက်​တစ်​​ယောက်​နဲ့ သရုပ်​​ဆောင်​ထားပြီး ပရိတ်​သတ်​​တွေကိုမတူညီတဲ့ရသ​ပေးနိုင်​မှာအ​သေအချာပါ။

Box No.88နဲ့ပတ်​သတ်​ပြီး​နေတိုးက” အဲ့ကား​လေး​ထဲမှာသတင်း​ထောက်​ တစ်​​ယောက်​ သတင်း​ထောက်​ဆို​ပေမယ့်​ သတင်း​ထောက်​နဲ့ပတ်​သတ်​​တာ​တွေက​တော့သိပ်​မပါဘူး အဓိကက ဘဝအတွက်​ကြိုးစား​နေပြီး ​အောင်​မြင်​လာ​တော့မယ့်​အချိန်​ကျမှ သမီး​လေးကိုဆုံးရှုံးလိုက်​ရတဲ့ လူတစ်​​ယောက်​​ပေါ့ မိသားစု ဒရာမာသ​ဘော​လေးပါဘဲ ဌာနဆိုင်​လိုအပ်​ချက်​​တွေ ဥပ​ဒေ​တွေနဲ့ ပတ်​သတ်​တာ​လေး​တွေပါတယ်​ အူဝဲ၊ ထွန်းထွန်း၊ ကျွန်​​တော်​တို့က​သေချာ​လေးသရုပ်​​ဆောင်​ထားတယ်​” ဟု​ပြောပြလာပါတယ်​။

ဇာတ်​ကား​လေးက​တော့ လတ်​တ​လောဖြစ်​ပျက်​​နေတဲ့ rape case​တွေနဲ့ က​လေးသူငယ်​ အကြမ်းဖက်​မှု​တွေကို ရှုတ်​ချထားတဲ့ ကား​လေးဘဲဖြစ်​ပါတယ်​။အောက်​တိုဘာလ ၃၁ ရက်​​နေ့မှာ ” Box No.88″ဇာတ်​ကား​လေးဟာရုံတင်​​တော့မှာဖြစ်​ပါတယ်​။

Source sunday journal

Leave a Reply

Your email address will not be published. Required fields are marked *