
ဆွဲဆောင်မှုရှိလွန်းလှတဲ့ စူစူကိုပရိတ်သတ်တွေနဲ့ အထူးမိတ်ဆက်ပေးစရာမလိုပါဘူးနော်။ဘော်ဒီအချိုးအစားပြေပြစ်မှုကြောင့် နာမည်ကြီးရုံသာမက ကျရာဇာတ်ရုပ်ကိုလည်း ထပ်တူအကျဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေ အိချောပိုကတော့ လက်ရှိမှာ အနုပညာ အလုပ်တွေကို မနားတမ်းလုပ်ကိုင်လျက်ရှိပါတယ်။


လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။
စူစူကတော့ ဟိုတလောက သူမရဲ့ ရှုတင်လေးအပြီးမှာ စက်မှုအဖွဲ့သားတွေကို ဆန်၊ ဆီပေးလှူခဲ့ပါသေးတယ်။

စူစူကအမြဲလိုလို ရှုတင်အဖွဲ့သားတွေကိုပေးကမ်းတတ်ပြီး စိတိထားလေးမွနိမြတ်သူပါ။ စူစူက” အဲ့လိုရှုတင်တွေပြီးရင် မင်းသားမင်းသမီးတွေ က စက်အဖွဲ့တွေကို ပြန်ပေးကမ်းတာက ထုံးစံလိုဖြစ်နေပါပြီ အဆင်ပြေတဲ့ကားတွေဆို ပေးဖြစ်တယ် တစ်ချို့ကားတွေက နယ်မှာဆို ပေးဖို့ကမလွယ်ဘူး ပြီးခဲ့တစ်ခေါက်တောင်ဆန်ဘဲ ပေးဖြစ်လိုက်တယ် သီတင်းကျွတ် နီးတော့ ဆီဝယ်လို့မရဘူး လှူပေးဖြစ်တာ ၃ ၊ ၄ ခေါက်ရှိပါပြီ ဘာဘဲဖြစ်ဖြစ် ရသွားရင်သူတို့မိသားစုတွေလည်းပျော်ရတယ်လေ” ဟု လှူပေးဖြစ်ပုံနဲ့ ပတ်သတ်ပြီးပြောလာပါတယ်။
စူစူကတော့ စိတ်ကောင်းစေတနာကောင်းလေးရှိတာမို့်အရင်ထက်ကိုပိုအောင်မြင်လာဦးမှာပါ။

Source MC