
ပရိတ်သတ်တွေတစ်ခဲနက်အားပေးရတဲ့ အဆိုတော်ရွှေထူးဟာ လက်ရှိမှာတော့တေးသီချင်းများကိုအကောင်းဆုံးဖော်ဖြေတင်ဆက်ရင် ဂီတလောကမှာ ထွန်းတောက်တဲ့ကြယ်လေးတစ်ပွင့်ဖြစ်နေပါပြီ။ အဆိုပိုင်းမှာသာမက ရွှေထူးက သရုပ်ဆောင်ပိုင်းတွေမှာလည်း သူ့ရဲ့ စွမိးရည်တွေကိုချပြထားပြီး ပရိတ်သတ်တွေကလည်း လက်ခံအားပေးကြပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဝါရင့်အနုပညာရှင်တွေနဲ့ အတူတူ သရုပ်ဆောင်နိုင်ပြီး လက်ရှိအယမှာတော့ သူ့ရဲ့ ဇာတ်ကားအသစ်လေးရိုက်ဖြစ်ဖို့သေချာသွားပါပြီ။

ရွှေထူးဟာနောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးကို ထပ်မံရိုက်ကူးသွားဖို့ရှိသေးတယ်လို့သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာပါတယ်။ဒီတစ်ခေါက်ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ နိုင်နိုင်း၊အိန္ဒြာကျော်ဇင်၊မေမြင့်မိုရ်တို့နဲ့အတူရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင် အူဝဲတို့ နိုင်းနိုင်းတို့နဲ့ သရုပ်ဆောင်မယ့် ရွှေထူးကို ဘယ်လိုပုံစံမျိုးနဲ့မြင်ရမလဲဆိုတာစိတ်ဝင်စားစရာပါ။

Source Htoo khant