မထင်မှတ်ဘဲ အိမ်ထောင်ပြခဲ့ပေမယ့် မိသားစုကိုအရမ်းတန်ဖိုးထားတယ်ဆိုတဲ့ ကျော်ထက်နဲ့ ရွှေအိမ်မင်း – Myanmar Hot News
24th March 2023

မထင်မှတ်ဘဲ အိမ်ထောင်ပြခဲ့ပေမယ့် မိသားစုကိုအရမ်းတန်ဖိုးထားတယ်ဆိုတဲ့ ကျော်ထက်နဲ့ ရွှေအိမ်မင်း

ဇာတ်လမ်းတွဲလေးတွေရဲ့ဇာတ်ပို့ဇာတ်ရံမှာ ဇာတ်ကောင်သဘောကိုပိုမိုပေါ်လွှင်ဖို့အတွက် အကောင်းဆုံးဇာတ်ပို့နေရာကနေအကောင်းဆုံးအားဖြည့်ခဲ့တဲ့ ကျော်ထက်နဲ့ရွှေအိမ်မင်းတို့ကတော့ သူတို့နှစ်ဦးရဲ့ မိသာစုဘဝထဲမှာတော့ အဓိကဇာတ်‌ဆောင်တွေအနေနဲ့ အတူလက်တွဲလိုက်တာပဲဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ချစ်သူသက်တမ်းကတော့ ၂နှစ် အိမ်ထောင်သက်တမ်းက ၂နှစ်ဖြစ်ပြီး တစ်နှစ်အရွယ်သမီးလေးကိုလဲ ရရှိပိုင်ဆိုင်ထားတာဖစ်ပြီးသာယာလှပတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။လက်တွဲလိုက်တာပရိသတ်တွေ မသိလိုက်ကြသော်လည်း လက်တွေ့ကျကျဖြတ်သန်းရှင်သန်နေပြီ နွေးထွေးတဲ့မိသားစုပုံရိပ်ကလေးတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ချစ်သူဖြစ်ပြီး ၁နှစ်ကျော်လောက်‌ကျတော့ ကျွန်တော်ကလက်ထပ်ကြရအောင်အတူနေချင်တယ်လို့ပြောတော့ သူကနောက်နေတယ်လို့ပဲထင်တာ ပြီးတော့ကိုယ်တွေကအနုပညာသမားတွေဆိုတော့ လက်ထပ်ဖို့ကိစ္စကအရမ်းမလွယ်ကူဘူးလေ ပြီးတော့သေချာစီစဉ်ထားတာမဟုတ်ပဲ ချစ်သူများနေ့ မှာလက်ထပ်ပွဲလေးလုပ်ဖြစ်ခဲ့တာပါလို့ ပြောပြခဲ့ပါတယ်။

Source ; Myanmar Celebrity

Leave a Reply

Your email address will not be published. Required fields are marked *