လိမ်ပြာနှောင်ကြိုး ဇာတ်လမ်းတွဲတွင် လရိပ်ထူး အဖြစ်တွေ့မြင်ရမယ့် ဟိန်းထက် – Myanmar Hot News
6th May 2021

လိမ်ပြာနှောင်ကြိုး ဇာတ်လမ်းတွဲတွင် လရိပ်ထူး အဖြစ်တွေ့မြင်ရမယ့် ဟိန်းထက်

အနုပညာလောကထဲကို ဇာတ်လမ်းတွဲတွေကနေတဆင့်ဝင်ရောက်လာခဲ့ပြီး သူရဲ့သရုပ်ဆောင်မှုတွေကတော့ လစ်ဟာမှုမရှိဘဲ ပရိသတ်တွေနှစ်သက်သဘောကျခဲ့ပါတယ်။အခု အခါမှာလဲ လိပ်ပြာနှောင်ကြိုး ဇာတ်လမ်းတွဲမှာလဲ လရိပ်ထူးအဖြစ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းတွဲရဲ့ သူပါဝင်သရုပ်‌ဆောင်ရတဲ့ ဇာတ်ကောင်နာမည်ဖြစ်တဲ့ လရိပ်ထူးကတော့ ရုပ်ရည်သန့်ပြန့် ပြီးစိတ်စေတနာ ကလဲကောင်းမွန်ပြီး ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံတက်သူလေးဖြစ်ပြီး ဓါတ်မြေဩဇာ ကုမ္မဏီရဲ့ marketing ငှာနမှာလုပ်ကိုင်သူလေးအနေနဲ့ တွေ့ရှိရမှာဖြစ်ပါတယ်။

ဇာတ်ကောင်‌အနေအထားအရတော့ရိုးရှင်းလှပေမယ့် ဇာတ်လမ်းဇာတ်ကွက် ကတော့ ဇာတ်လမ်းတွဲစတင်ထုတ်လွှင့်ချိန်မှာတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဇာတ်ကောင်သဘောနဲ့လိုက်ဖက်အောင် ဘယ်လိုများကြိုးစားပြင်ဆင်သရုပ်ဆောင်ထားလဲဆိုတာကို ဇာတ်လမ်းတွဲပြသချိန်မှာတွေ့မြင်ရမှာပါ။

Photo Source; Hein Htet

Leave a Reply

Your email address will not be published. Required fields are marked *