နွားကျောင်းသူ Album ကိုမကြာခင် ပရိသတ်တွေရဲ့ လက်ထဲဆီ အရောက်ပို့ပေးမယ့် ဝိုင်းစုခိုင်သိမ်း – Myanmar Hot News
31st May 2023

နွားကျောင်းသူ Album ကိုမကြာခင် ပရိသတ်တွေရဲ့ လက်ထဲဆီ အရောက်ပို့ပေးမယ့် ဝိုင်းစုခိုင်သိမ်း

သရုပ်ဆောင် လုပ်ငန်းမှာကော ဂီတလုပ်ငန်းမှာပါအောင်မြင်မှုတွေရရှိနေတဲ့ဝိုင်းစုခိုင်သိမ်းကတော့ သူရဲ့ နောက်ထွက်မယ့်Album နာမည်ကို နွားကျောင်းသူလို့နာမည်ပေးထားပြီး မကြာခင်မှာတော့ ပရိသတ်တွေဆီအရောက်ထည့်ပေးပို့စီစဉ်နေတာပဲဖြစ်ပါတယ်။

သူမရဲ့အနုပညာလှုပ်ရှားမှုတွေကတော့သရုပ်ဆောင်ဘက်မှာရပ်နားထားပြီး ဂီတဘက်မှာတော့ သူမရဲ့ ချစ်သူ အောင်လရဲ့ပံ့ပိုးမှုတွေနဲ့အတူတူ သီချင်းများစွာကို ဖန်တီးနေပြီး ထိုAlbum လေးကိုလဲ အောင်လကပဲ လိုအပ်ချက်များကိုဖြည့်စွက်ပေးထားတာပဲဖြစ်ပါတယ်။

ထို Album လေးထဲမှာတော့ သီချင်းဘယ်နှစ်ပုဒ်ပါတယ် ဘယ်လိုအမျိုးအစားတွေပါဝင်လဲဆိုတာတော့အတိအကျမသိရသေးဘဲ မကြာခင်မှာတော့ ပရိသတ်တွေဆီရောက်ရှိတော့မှာပဲဖြစ်ပါတယ်။Album Name ကတော့ပရိသတ်တွေစိတ်ဝင်စားမယ့် နွားကျောင်းသူ နာမည်နဲ့ထွက်ရှိမှာပဲဖြစ်ပါတယ်။

Photo Source; Wyne Su Khaing Thein

Leave a Reply

Your email address will not be published. Required fields are marked *