
အနုပညာလောကမှာ မတွေ့ရတော့ပဲ စီးပွားရေးလုပ်ငန်းဘက်မှာ ပိုမိုလုပ်ဖြစ်နေတဲ့ မင်းသမီးလေး ဇင်ဇင်ဇော်မြင့်ကတော့ သရိတ်သတ်ချစ်ခင်အားပေးတဲ့ အနုပညာရှင်တစ်ယောက်ပါ။သူမဟာ လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။

သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်ဟာဆိုရင် လက်ရှိမှာ ZZ Gems and Jewellery ဆိုတဲ့ ကျောက်မျက်ရတနာဆိုင်လေး ဖွင့်လှစ်ထားရှိပြီး အဆိုပါဆိုင်ရဲ့ လက်ရာဖြစ်တဲ့ တန်ဖိုးကြီး ပတ္တမြားလက်စွပ်တွေကို ကျေးဇူးရှင်သစ်ခါးဆရာတော် ထံမှာလှူဒါန်းခဲ့ပါတယ်။

သူမဟာ ချွေးနှဲစာနဲ့ စုဆောင်းထားတဲ့လက်စွပ် ၆ ကွင်းကို သစ်တံခါးဆရာတော်ကြီးထံ လှူဒါန်းဖို့ ပြင်ဆင်နေတဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ရက်မှာ ပုံလေးတွေနဲ့တကွ ဖော်ပြပေးခဲ့ပါတယ်။

ပရိတ်သတ်ကြီးလည်း ဇင်ဇင်ဇော်မြင့်ရဲ့ မွန်မြတ်တဲ့အလှူလေးအတွက် သာဓုခေါ်ပေးကြပါဦးနော်။

Wunna
Source, Zin Zin Zaw Myint