
လတ်တလောပရိတ်သတ်တွေကြား ရေပန်းစာသလူပြောများနေတဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့ “Noe&Ever” ထာဝရနှောင်ကြိုးဇာတ်ကားလေးဟာ ယခုလ လာမယ့် ၃၁ ရက်နေ့မှာ တစ်ပြည်လုံးရှိရုပ်ရှင်ရုံများမှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။

မှတ်ချက်ကောင်းများစွာနဲ့ ဝန်းရံခံနေရတဲ့ ယင်းဇာတ်ကားလေးဟာ လက်ရှိလူအများအပြားရဲ့ ချီးကျူး စကားတွေနဲ့ ပြည့်နှက်နေပြီး ဇာတ်ဆောင်တင်မကဘဲ ဇာတ်ကောင်တိုင်းလိုလိုဟာသူ့နေရာနဲ့သူအံ့ဝင်ခွင်ကျဖြစ်အောင်ကြိုးစားသရုပ်ဆောင်ထားကြတာကြောင့် အချိန်မည်မျှကြာကြာ pre production , post production လုပ်ခဲ့သလဲဆိုတာ လွယ်လွယ်ခန့်မှန်းလို့ရပါတယ်။
ယင်းဇာတ်ကားထဲက လတ်တလော ပရိတ်သတ်တွေအကြားပေါက်သွားခဲ့တဲ့ ဇာတ်ကောင်လေးက တော့ ဒေါက်တာမျိုးကိုဘဲ ဖြစ်ပြီး ဝါရင့်သရုပ်ဆောင်မဟုတ်ပေမယ့်လည်း အကောင်းဆုံး တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ် တွေရဲ့အားပေးမှုကိုရရှိထားတာပါ


မင်းညိုက သူ့ရဲ့ ဒေါက်တာမျိုးကို ဇာတ်ကောင်အတွက်ပြင်ဆင်ပုံတွေကိုပြောပြလာပါတယ်” နယ်ဘက်ကပရိတ်သတ်တွေကတော့ တကယ်ကို ချီးကျူးကြတယ် အကုန်လုံးက ဒေါက်တာဘဲ ခေါ်ကြတယ် မျိုးကိုကာရိုက်တာကအရမ်းနေလို့ကောင်းတယ် သူကအေးချမိးတယ် သူ့ဘေးကလူတွေကိုသေချာဂ၇ုစိုက်တယ် ခင်တယ် သူ့မှာတာဝန်ယူစိတ်လည်းရှိတယ် သူ့နေရာနေလိုက်တာနဲ့ အရမ်းကျေနပ်ဖို့ကောင်းတယ် အဓိက စိတ်ကိုအေးအေးလေးထားရတယ် စိတ်လှုပ်ရှား စေတဲ့ပါတီတွေ ကလပ်တွေ မသွားဘူးမရိုက်ခင် ၂ရက်လောက်အိမ်ထဲမှာဘဲ တရားထိုင် ပြီးနှလုံးသယးထဲကပါအေးချမ်းအောင်လုပ်ခဲ့တယ် အခုတော့ အကုန်လွတ်ချလိုက်ပြီ အရင် မင်းညိုဖြစ်သွားပြီ” ဟုပြောထားတာပါ။

Source Min nyo