“ငါ့ကိုနမ်းတဲ့ မုန်တိုင်း” အပြီး ” ရောသမွှေ ” မှာထပ်ပြီးမြင်တွေ့ရမယ့် ဖွေးဖွေး၊လွှမ်းပိုင်၊ရဲရင့်အောင် – Myanmar Hot News
31st May 2023

“ငါ့ကိုနမ်းတဲ့ မုန်တိုင်း” အပြီး ” ရောသမွှေ ” မှာထပ်ပြီးမြင်တွေ့ရမယ့် ဖွေးဖွေး၊လွှမ်းပိုင်၊ရဲရင့်အောင်

“ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ဇာတ်ကားကြီးကတော့ လူငယ်ပရိသတ်တွေကြားမှာ နှစ်ကြိုက်စေပြီး ထိုကားထဲက ဇာတ်ကောင် သုံးဦးစလုံးကို ” ရောသမွှေ ” ဇာတ်ကားကြီးမှာ ပြန်လည်တွေ့မြင်ခံစားရမှာပဲဖြစ်ပါတယ်။ပထမတွေ့ဆုံခွင့်ရခဲ့တဲ့ ဇာတ်ကားကြီးကတော့ အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အခုဇာတ်ကားကြီးကကော ဘယ်လိုပုံစံလေးဖြစ်မလဲဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

အပေးအယူညီညီနဲ့ သရုပ်ဆောင်ခဲ့တဲ့ သူတို့သုံးဦးအတွက် ထိုကားကြီး ထွက်ရှိပြီးတဲ့နောက်မှာတော့ အောင်မြင်မှုတွေကလဲ ရရှိခဲ့ပါတယ်။သူတို့ရဲ့ နောက်ထပ်လက်တွဲမယ့် ကားကြီးမှာ လဲဘယ်လိုသရုပ်ဆောင်ချက်တွေနဲ့ ဘယ်လိုတွဲဖက်ညီအောင်သရုပ်ဆောင် ထားလဲဆိုတာကတော့ ” ရောသမွှေ “ဇာတ်ကားကြီး ထွက်ပေါ်လာရင်တော့ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

” ရောသမွှေ “ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်မှာတော့ရိုက်ကူးရေးစတင်တော့မှာဖြစ်ပြီး ထိုကားကြီးထဲမှာဆိုရင်တော့ ဝါရင့်သရုပ်ဆောင်တွေကော သရုပ်ဆောင်အသစ်တွေကိုပါ လက်တွဲဆွဲခေါ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တာကြောင့် အမြင်မတူဘဲ တမူထူခြားတဲ့ခံစားချက်မျိုးကိုရရှိမှာပဲဖြစ်ပါတယ်။

Photo Source; MyanmarloadTv

Leave a Reply

Your email address will not be published. Required fields are marked *