
အနုပညာ လှုပ်ရှားမှုတွေကိုမအားမလပ်လုပ်ကိုင်နေရတဲ့ မေမေချစ်သုဝေက ခေတ်နဲ့သစ်လေးကိုလည်း ထိန်းကျောင်းရင်း မိသားစုကိုပြုစုနေသူတစ်ဦးပါ။ မေမေချစ်သုဝေကတော့ အရင်ကလို ရုပ်ရှင်တွေ မရိုက်ဖြစ်တော့ပေမယ် သူမရဲ့ ပရိတ်သတ်အတွက်တော့ စံပြ မိခင်လောင်းအဖြစ်ရှိနေပါတယ်။ချစ်သုဝေက ပွဲတက်တွေနဲ့ သီချင်းအနည်းငယ်ကိုအနုပညာအနေနဲ့လုပ်ကိုင်နိုင်ုပီး ရုပ်ရှင်မရိုက်ဖြစ်တာ ၅နှစ်ကျော်ပါပြီ။


အမြွာမလေးတွေနဲ့ဘဲ အချိန်ကုန်ကာ သူမကိုယ်တိုင်ပြုစုရမှာကျေနပ်တာကြောင့် အနုပညာ အလုပ်တွေကို စိတ်ရှိတိုင်းမလုပ်နိုင်လျက်ရှိနေပါတယ်။”ဒီမိသားစုလေး ကနေ ကျွန်မလည်းရုန်းမထွက်နိုင်ဘူးရယ်ဒီနေ့ရုပ်ရှင်ကားကြီးတစ်ခု လာကမ်းလှမ်းပြန်တယ်မီးလေးတွေထားခဲ့ဖို့,,ပြီးတော့ ရိုက်ကူးရေးရက်၂၀ ကို ကိုယ်တာဝန်မကျေနိုင်ဘူးဆိုတာသိနေတယ် စိတ်နှစ်ခွတွေနဲ့..

မရိုက်တာလည်းကြာ..ယုံကြည်မှုလည်းမရှိတော့ဘူးရယ်..ခွင့်လွှတ်ပါကျွန်မရဲ့အချစ်တွေအနှစ်တွေ gg တွေခတ်လေးနဲ့သစ်လေးတို့ရဲ့တာဝန်ကျေတဲ့မေမေအဖြစ်ရယ်သီချင်းတွေရယ်ကြော်ငြာလေးတွေရယ် နဲ့ပဲကျေနပ်ပေးကြပါနော်Ggလေးတွေအတွက် ဇာတ်ကိုအမြဲနားထောင်တယ် ပြီးရင်လည်းစိတ်ကမပြတ်ဘူး“ဘဝက ချစ်ရတဲ့အရာ၂ခုကိုပဲ အမြဲရွေးချယ်ခိုင်းတယ်”
ဪ ရွေးချယ်စရာအခွင့်ရှိနေတာကိုပဲ blessing လို့သတ်မှတ်ရမှာပါလေ” ဆိုပြီးသူမရဲ့ ရွေးချယ်ရခက်ခက်နဲ့ နောက်ဆုံး မိသားစုကို တွေးကာ ဝါသနာပါတဲ့ အလုပ်ကိုကျေကျေနပ်နပ်ကြီးလွတ်ချပစ်ခဲ့ပါတယ်။ဘယ်လိုဘဲ အနုပညာ အလုပ်တွေနဲ့ဝေးဝေး ချစ်သုဝေရဲ့ ပရိတ်သတ်တွေကတော့ သူမကိုအခိုင်အမာအားပေးလျက်ရှိပါတယ်။

Source Chit thu wai