သမီး​လေး​တွေရဲ့ငယ်​ဘဝကြီးပြင်းတဲ့အချိန်​​လေးနဲ့အောင်​မြင်​မှုကိုလဲရတာတန်​တယ်​ဆိုတဲ့ချစ်​သု​ဝေ – Myanmar Hot News
31st May 2023

သမီး​လေး​တွေရဲ့ငယ်​ဘဝကြီးပြင်းတဲ့အချိန်​​လေးနဲ့အောင်​မြင်​မှုကိုလဲရတာတန်​တယ်​ဆိုတဲ့ချစ်​သု​ဝေ

မေ​မေချစ်​သု​ဝေနဲ့ ​ဖေ​ဖေလင်းလင်းတို့ရဲ့ မင်းသမီး​လေး​တွေ ဖြစ်​တဲ့ ​ခေတ်​နဲ့ သစ်​​လေးတို့ဟာ တစ်​​နေ့တစ်​ခြား နဲ့မျက်​စိ​ရှေ့တင်​ကြီးလာပါပြီ​နော်​။ချစ်​စရာအမူအရာ​လေး​တွေနဲ့ သူတို့ညီမနှစ်​​ယောက်​ကိုအား​ပေးတဲ့ ပရိ​တ်​သတ်​များစွာရှိ​နေပြီး ​ခေတ်​နဲ့သစ်​အမည်​ရှိပရဟိတ ​ဖောင်​​ဒေးရှင်း​လေးလည်းထူ​ထောင်​ထားပါ​သေးတယ်​။ ​မေမ​ချေစ်​သု​ဝေက​တော့ အရင်​ကလို ရုပ်​ရှင်​​တွေ မရိုက်​ဖြစ်​​တော့​ပေမယ်​ သူမရဲ့ ပရိတ်​သတ်​အတွက်​​တော့ စံပြ မိခင်​​လောင်းအဖြစ်​ရှိ​နေပါတယ်​။ ချစ်​သူ့​ဝေဟာ ပညာ​ရေးသံတမန်​အဖြစ်​ခန့်​အပ်​ထားခြင်းလည်းခံထားရပြီး ပန်းလှိုင်​စီလုံ ​ဆေးရုံကြီးရဲ့ ကျန်းမာ​ရေး သံတမန်​ အဖြစ်​လည်း ခန့်​အပ်​ခံထားရတဲ့ သူပါ။

ချစ်​သု​ဝေဟာ သမီး​လေး​တွေ အ​ပေါ်အင်​မတန်​ ​မေတ္တာတရားကြီးမားပြီး အဘက်​ဘက်​က​နေ​ဒေါင့်​​စေ့​အောင်​ကျွေး​မွေး ပြုစု​နေသူဘဲ ဖြစ်​ပါတယ်​။ချစ်​သု​ဝေကချစ်​ဖို့​ကောင်းတဲ့ ​ခေတ်​နဲ့ သစ်​​လေး​တွေနဲ့ဘဲ အချိန်​ကုန်​ရင်​ ရုပ်​ရှင်​ဇာတ်​ကား​တွေ မရိုက်​ဖြစ်​တာ ၅နှစ်​​ကျော်​​တောင်​ရှိ​နေပြီ ဖြစ်​ပါတယ်​။

ချစ်​သု​ဝေက သူ့ဘဝခံယူချက်​နဲ့ ပတ်​သတ်​ပြီး​ပြောပြလာခဲ့ပာတယ်​” အမအချိန်​မ​ပေးနိုင်​လို့ငြင်းရတာ​တွေများ​နေပြီ အမစဉ်းစားတာ သမီး​လေး​တွေရဲ့ အနာဂတ်​မှာ ​ကောင်း​ကောင့းမွန်​မွန်​​နေနိုင်​ဖို့ အဆင်​​ပြေဖို့ဆိုတာ အခုလက်​ရှိငယ်​ဘဝဆိုတဲ့ အ​ခြေခံအုတ်​မြစ်​က အ​ရေးကြီးတယ်​ အဲ့တာကိုအမကိုယ်​တိုင်​ အမမျက်​စိ​ရှေ့မှာ ​စောက်​​ရှောက်​ရင်း ထိန်း​ပေးသွားချင်​တာ သူတို့ငယ်​ဘဝကိုအမပြန်​မရနိုင်​ဘူး ချစ်​သု​ဝေက ဘယ်​လို​အောင်​မြင်​မြင်​ဘယ်​လိုနာမည်​ကြီးကြီး အဲ့တာ​တွေနဲ့ ပြန်​လဲလို့မရဘူး တစ်​ခုဘဲ ​ကိုယ်​က ​ကျေနပ်​​နေဖို့လည်း လိုတာ​ပေါ့”​ပြောပြသွားခဲ့ပါတယ်​။

ချစ်​သု​ဝေက​တော့ သူမရဲ့ အမြွာသမီး​လေးနှစ်​​ယောက်​ကို ကိုယ်​တိုင်​ အစစရာရာ ထိန်း​ကျောင်းရင်​ အပင်​ပန်းခံကာပြုစုပျို​ထောင်​ခဲ့သူဘဲ ဖြစ်​ပါတယ်​။

Source Cele yatkwat

Leave a Reply

Your email address will not be published. Required fields are marked *