
မိုးဟေကိုကတော့ လှပသေသပ်ပြီးရင့်ကျက်တည်ငြိမ်မှုတွေကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။သူမအနေနဲ့ အနုပညာလုပ်ငန်းတွေကို အဆက်မပျက် လုပ်ကိုင်နေသော်လည်းပဲ သရုပ်ဆောင်ပိုင်းမှာတော့ ဇာတ်ရုပ်ပိုင်းကို သေချာရွးချယ်လေ့ရှိပါတယ်။


သူမ ကတော့ သဘာဝတရားတွေနဲ့ယှဉ်ပြိုင်ပြီးလှပနေတဲ့ သူမရဲ့ပုံရိပ်ကလေးတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ပြထားခဲ့ပါတယ်။သာယာလှပလွန်းတဲ့သဘာဝအလှတရားနဲ့ သူမရဲ့ရင့်ကျက်တဲ့အလှတရားတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကြည့်ရှုမိသူတိုင်းငေးမောရမယ့် ပုံရိပ်ကလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။


အနုပညာလောကရဲ့ ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်ပြီး ကြယ်လေးတစ်ပွင့်အဖြစ်လင်းလက်တောက်ပနေတဲ့ သူမကတော့ ဘယ်အချိန်ကြည့်ကြည့် လှပသေသပ်ပြီး မြင်သူတိုင်း အားကျရတဲ့ အလှတရားတွေကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ သူမရဲ့ အလှတရားတွေကို ပရိသတ်တွေကြည့်ရှုနိုင်ဖို့ သူမရဲ့လူမှုကွန်ယက် ပေါ်ကနေ ကူယူဖော်ပြပေးလိုက်ပါတယ်။

Photo Source ; Moe Hay Ko