
ပရိတ်သတ်တွေအားပေးရတဲ့ အကယ်ဒမီ လူမင်းကတော့ တစ်ချိန်က ပရိတ်သတ်တွေ နှစ်သက် သဘောကျရတဲ့မင်းသားတစ်လက်ဖြစ်သလို လက်ရှိမှာလည်း အနုပညာ အလုပ်တွေကိုမနားတမ်းလုပ်ကိုင်လျက်ရှိပါတယ်။လူမင်းကတော့ ချစ်ရတဲ့ဇနီးနဲ့ သားသမီးတွေအပေါ်မှာလည်း တာဝန်ကျေပြွန်တဲ့ ဖခင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်မို့ ပရိသတ်တွေက ပိုပြီးအချစ်ပိုနေရတာပါ။


ဒီနေ့မှာတော့ လူမင်းက အိမ်ထောင်သက် (၁၅) နှစ်ပြည့်သွားပြီဖြစ်တဲ့ သူတို့ ဇနီးမောင်နှံရဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ် လူမင်းကတော့ “15th Anniversary 7.11.2004 to 7.11.2019” ဆိုပြီး မင်္ဂလာဓာတ်ပုံလေးနဲ့ တင်ထားခဲ့ပါတယ်။

ဒီလောက်နှစ်တွေအကြာကြာကြီး တူတူသစ္စာရှိရှိ ဖြတ်သန်းခဲ့ကြတာ လူမင်းတို့စုံတွဲလေးက လေးစားစရာပါဘဲ ။ အနုပညာရှင်များစွာကလည်း သူတို့အတွက် ဂုဏ်ပြုစကားများနဲ့ဆုမွန်ကောင်းများတောင်းပေးထားကြတာကိုတွေ့ရပါတယ်။

Source Ayarwady lu min