
ကတ်ဆက်တိပ်ခွေဇာတ်လမ်းတွေကို ပြန်လည် သရုပ်ဆောင်ရင် ပရိတ်သတ်အခိုင်အမာရရှိထားသူတို့ ညီအစ်မနှစ်ယောက်ဟာ အခုမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။အသက် နှစ်နှစ်သာ ကွာတဲ့ သူတို့ ညီအစ်မတွေဟာ အလုပ်ကိုတူတူ လုပ်ကိုင်နေကြပြီး နှစ်ဦးစလုံးဟာလည်း ပရိတ်သတ်အခိုင်အမာရှိထားသူတွေဘဲ ဖြစ်ပါတယ်။

နှစ်ယောက်လုံးဟာ သရုပ်ဆောင်ဘက်မှာအပြင် အကပိုင်းမှာပါ ပါရမီ ရှိသူဆိုတာပရိတ်သတ်တွေသိကြမှာပါ။အကမှာလည်း ပါရမီရှိသူ Cover danceများစွာလည်း ကထားကာ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားပါတယ်။

ဒီနေ့မှာတော့ သူတို့ရဲ့ “A” ဇာတ်ကားလေးနဲ့ပတ်သတ်ကြီးပြောပြလာပါတယ်” ကားလေးက အကကားလေး မြန်မာလည်း သိပ်မရှိဘူး အကအမျိုးအစားကတော့ သူ့ဟာသူပါတယ် တော်တော်လေးပင်ပန်းပြီး ၃ ၄ နာရီ အထိမအိပ်ဘဲ တိုက်ထားရတာတွေရှိတယ် ညီအစ်မနှစ်ယောက် လုံးဝမတည့်တဲ့ သူတွေ အနေနဲ့ တွေ့ရမှာပါ” လို့ဆိုပါတယ်။

“A” ဇာတ်ကားလေးမှာသူတို့ညီအစ်မနှစ်ယောက်အပြင် ရဲအောင် မေသင်ဇာဦးနဲ့ အခြား အကသမားများစွာ ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။

Source_ MC