A (တစ်စုံတစ်ယောက်) ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်မယ့် Project K အဖွဲ့ဝင် ဝီလျှံထွန်းနဲ့ ရဲရင့်သော် – Myanmar Hot News
30th May 2023

A (တစ်စုံတစ်ယောက်) ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်မယ့် Project K အဖွဲ့ဝင် ဝီလျှံထွန်းနဲ့ ရဲရင့်သော်

A (တစ်စုံတစ်ယောက်) ရုပ်ရှင်ဇာတ်ကားကြီးကတော့ Laurel ရုပ်ရှင်ထုန်လုပ်ရေးမှ ရိုက်ကူးတင်ဆက်မှာဖြစ်ပြီး ထိုရုပ်ရှင်ဇာတ်ကားကြီးမှာတော့ Project K အဖွဲ့ဝင် ဝီလျှံထွန်းနဲ့ ရဲရင့်သော် လည်းပါဝင်သရုပ်ဆောင်အားဖြည့်ကြမှာပဲဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးကတော့ အကရုပ်ရှင်ဇာတ်ကားကြီးဖြစ်တာကြောင့် ဇာတ်ကားအတွက် လိုအပ်တဲ့ အကပိုင်းကိုတော့ ထိုင်းနိုင်ငံမှ (I am Bazic) Crew ရဲ့အဓိကအကဆရာများဖြစ်ကြတဲ့ “Smart ” နဲ့ “Sofia”တို့ကပါဝင်အားဖြည့်ထားကြတာပဲဖြစ်ပါတယ်။

ရဲရင့်သော် ကတော့ သရုပ်ဆောင်အနုပညာအပိုင်းမှာ သူ့အတွက် ပထမဦးဆုံးခြေလှမ်းဖြစ်တဲ့ ထိုဇာတ်ကားကြီးမှာတော့ ” ပထမဦးဆုံးခြေလှမ်းမို့လို့ အကောင်းဆုံးကြိုးစားသွားမှာပါ ” လို့သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားဖော်ပြထားပါတယ်။ ဝီလျှံထွန်းအတွက်ကတော့ သရုပ်ဆောင်ပိုင်းကရင်းနှီးကျွမ်းဝင်ထားသော်လည်း သူအတွက်လည်း ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် Project K အဖွဲ့ဝင်နေနဲ့ အတူတူ MRTV Entertainment ကရေဒီယိုရုပ်သံဇာတ်လမ်းတွဲတွေရဲ့ပင်တိုင်စံတွေ ဖြစ်တဲ့စောယုနန္ဒာ၊ဧငြိမ်းဖြူ၊ဘလိပ်တို့ကလည်း ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ထိုဇာတ်ကားကြီးထဲမှာတော့ ဘယ်လိုသရုပ်ဆောင်မှုတွေနဲ့ အကောင်းဆုံးတွေ့မြင်ရမလဲဆိုတာကတော့ စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။

Source ; Cele Gabar

Leave a Reply

Your email address will not be published. Required fields are marked *