အိမ်ကိုအလည်ပြန်လာတဲ့ ယွန်းဝတီလွင်မိုးတို့မိသားစု – Myanmar Hot News
30th May 2023

အိမ်ကိုအလည်ပြန်လာတဲ့ ယွန်းဝတီလွင်မိုးတို့မိသားစု

နွေးထွေးမှုတွေကို မြင်တွေ့သူကိုယ်တိုင်ခံစားရမယ့် မိသားစုလေးကိုပြပါဆိုရင်တော့ အနုပညာလောကထဲမှာ လွင်မိုးတို့မိသားစုဟာလည်းနွေးထွေး ကြင်နာမှုကိုအကောင်းဆုံးချပြနိုင်တဲ့မိသားစုလို့တောင် တင်စားခေါ်ဝေါ်လို့ရပါတယ်။သမီးဖြစ်သူ ယွန်းဝတီလွင်မိုးလေး အိမ်ထောင်ပြုသွားသော်လည်း ဖခင်စိတ်ထဲမှာတော့ အမြဲတမ်းကလေးတစ်ယောက်လို့ မြင်တွေ့နေမှာပဲဖြစ်ပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့မှာတော့ ယွင်းဝတီလွင်မိုးတို့ မိသားစုကတော့ မွေးရပ်မြေ ဖြစ်တဲ့ အိမ်ကို ပြန်လည် အလည်ရောက်ရှိလာပါတယ်။နွေးထွေးတဲ့ကမ်းလှမ်းမှုတွေနဲ့ အတူတူ ဖခင်ဖြစ်သူက လေဆိပ်မှာ သွားရောက်စောင့်ဆိုင်းကာ စီးကြိုခဲ့ပါတယ်။Liam လေးကလဲ မိဘရဲ့နွေးထွေးမှုကို လိုအပ်နေတဲ့ အရွယ်လေးမို့အရမ်းကိုပျော်ရွှင်နေပါတယ်။

လေဆိပ်မှာ သွားရောက်ကြိုခဲ့တဲ့ မိသားစုရဲ့နွေးထွေးမှုပုံစံလေးတွေကိုတွေ့မြင်ရမှာဖြစ်တာကြောင့် မြင်တွေ့ရတဲ့ ပရိသတ်ကြီးကလဲ ၀မ်းသာကြည်နူးမိမှာပါ။ထိုပုံရိပ်ကလေးတွေကို ပရိသတ်တွေတွေ့ရှိနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။

Source ;MC

Leave a Reply

Your email address will not be published. Required fields are marked *