နေမ​ကောင်းဖြစ်​​နေတဲ့ ချစ်​သူ ဖြိုး​လေးရဲ့ ရစ်​သမျှခံ​နေရတဲ့ ဝါဆိုမိုးဦး – Myanmar Hot News
4th June 2023

နေမ​ကောင်းဖြစ်​​နေတဲ့ ချစ်​သူ ဖြိုး​လေးရဲ့ ရစ်​သမျှခံ​နေရတဲ့ ဝါဆိုမိုးဦး

တစ်​​ယောက်​ကိုတစ်​​ယောက်​နားလည်းမှုနဲ့ သစ္စာရှိရှိချစ်​​နေတဲ့ အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲလေးဆိုလည်း မမှားပါဘူး။ အရမ်း​ချော အရမ်းလှတဲ့ ဝါဆိုကို သဝန်​တိုတတ်​တဲ့ ဖြိုး​လေး​ကြောင့်​ ရန်​ဖြစ်​လိုက်​ပြန်​ချစ်​လိုက်​နဲ့ သူတို့အချစ်​​ရေး​လေးဟာ အခုချိန်​ထိ တည်​မြဲ​နေတာဖြစ်​ပါတယ်​။

ဝါဆိုက​တော့ ဒီ​နေ့မှာ​တော့ ချစ်သူ ​ဖြိုးလေးကနေမကောင်းဖြစ်နေပြီး စိတ်မကြည်ဖြစ်နေတဲ့အကြောင်းကို “သူနေမကောင်းရင် အရစ်လုပ်ပြီ တစ်ချိန်လုံးရစ် ဘာရစ်နေမှန်းကိုမသိတာ”ဆိုပြီးလည်းဖော်ပြထားပါသေးတယ်။

မကြာသေးမီကလည်း ဝါဆိုတစ်ယောက် ဖြိုးလေးကို စိတ်ဆိုးစိတ်ကောက်ဖြစ်ပြီး အဆိုတော်ဖြိုးလေးနဲ့ လမ်းခွဲကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကဖော်ပြခဲ့တာကြောင့် ပရိသတ်တွေက ချစ်စရာကောင်းတဲ့ စုံတွဲလေးကို ဆုံးရှုံးရပြီလားဆိုပြီး စိုးရိမ်ခဲ့ကြပါသေးတယ်။အခုလက်​ရှိမှာ အားလုံး​ပြေလည်​သွားခဲ့ကာ​လေးနှစ်​ကြာလက်​တွဲမြဲ​နေပြီး အခုချိန်​ထိ ချစ်​ချစ်​ခင်​ခင်​​နေ​​နေကြကြည့်​ရတာ စိတ်​ချမ်းသာစရာပါဘဲ​နော်​။

Source_ warso moe oo

Leave a Reply

Your email address will not be published. Required fields are marked *