
MRTV 4 ဇာတ်လမ်းတွဲ မင်းသမီးလေးလို့ စပြီး သိလာခဲ့ရတဲ့ ပရိတ်သတ် အချစ်တော် မင်းသမီးလေး “မေမြင့်မိုရ်” ကတော့ ဇာတ်ကားတွေ အများအပြား ရိုက်လာတာကို တွေ့ရပါတယ်။

သူမကို စသိခဲ့တုန်းက MRTV 4 ဇာတ်လမ်းတွဲရဲ့ “ပန်းနုသွေး” ကားနဲ့ စပြီး သတိထားမိလာခဲ့ရတာပါ။ သူမဟာ အရမ်းလဲ ချစ်ဖို့ကောင်းပြီး သရုပ်ဆောင်လဲ အရမ်းကို တော်ပါတယ်။ သိပ်မကြာခင်ကမှ တင်ထားခဲ့တဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်ကားကြီးမှာလဲ မသန်စွမ်းတဲ့ မိန်းမငယ်လေး နေရာကနေ သရုပ်ဆောင်ထားပါတယ်။ တကယ်ကို တော်တဲ့ မင်းသမီးလေး တစ်ယောက်ပါ။

ခုဆိုရင်တော့ “၁၀၁၄” မှာ လောဘ၊ဒေါသ၊မောဟ၊မာန်မာန၊အတ္တ တွေကြားက ငြိမ်းချမ်းခြင်း ဓမ္မကို လက်ကိုင်ပြုထားတဲ့ သူတော်စင်မလေး “အိုပန်လည်” အဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ အရမ်းကို တော်တဲ့ သူမကတော့ ဇာတ်ကားကမ်းလှမ်းမှုတွေ ဆက်တိုက် ဖြစ်လာတာကို တွေ့ရပါတယ်။

“၁၀၁၄” မှာ သရုပ်ဆောင်တော့မယ့် “အိုပန်လည်” ရဲ့ ပုံတစ်ချို့ကို ကြည့်လိုက်ရအောင်နော်။

Source ;May Myint Mo