
အိချောပိုလေး စူစူကတော့ လှပတောင့်တင်းတဲ့ ခန္ဓာကိုယ်အလှကိုပိုင်ဆိုင်ထားပြီး သရုပ်ဆောင်းပိုင်းမှာလဲ အကောင်းဆုံးချပြနိုင်တဲ့ သူမကတော့ ရပ်ကျော်ရွာကျော်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလဲ အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့တွေ့မြင်ရပြီး အမြင်မတူတဲ့ သရုပ်ဆောင်များစွာနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။


နိုဝင်ဘာလ ၁၂ရက်နေ့မှာတော့ ရပ်ကျော်ရွာကျော်ဇာတ်ကားကြီးရဲ့ Red Carpet ပွဲလေးကို ကျင်းပခဲ့တာဖြစ်ပြီး ထိုကားကြီးရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ စူစူကတော့ အနီရောင်ဝတ်စုံလေးနဲ့ ပွဲလေးဆီကို တက်ကြွတဲ့ ခြေလှမ်းတွေနဲ့အတူတူ တက်ရောက်ခဲ့ပါတယ်။သူမရဲ့ လှပတဲ့ အလှအပတွေကြောင့် ပရိသတ်တွေ မီဒီယာတွေရဲ့ အာရုံစူးစိုက်မှုခံရဆုံးညလေးတစ်ညဖြစ်ခဲ့ပါတယ်။

အိချောပိုလေးရဲ့ အကောင်းဆုံး ချပြထားတဲ့ သရုပ်ဆောင်ချက်တွေကိုတော့ ထိုကားကြီးထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ရုပ်တင်ပြသနေပြီဖြစ်ပြီး အသွင်မတူညီတဲ့ သရုပ်ဆောင်တွေနဲ့ အတူတူ ဇာတ်ကောင်းများစွာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။Red Carpet ပွဲလေးကို တက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်ကလေးတွေကိုကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Source ; Ei Chaw Po