နေပြည်တော်တွင် မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးအဖွဲ့သားများတည်ထားသော စေတီတော်အား ထီတော်တင်ပွဲပြုလုပ်ခဲ့ – Myanmar Hot News
18th March 2023

နေပြည်တော်တွင် မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးအဖွဲ့သားများတည်ထားသော စေတီတော်အား ထီတော်တင်ပွဲပြုလုပ်ခဲ့

နိုဝင်ဘာလ ၁၁ရက်နေ့မှာတော့ မုန်းစွဲအဖွဲ့သားတွေ စုစည်းလှူဒါန်းတည်ထားခဲ့တဲ့ စေတီတော်ကို ထီးတော်တင်ခြင်းအခမ်းအနားကို နေပြည်တော် ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာသွင်း ၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာတင် အခမ်းအနားနှင့်ပြုလုပ်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ထိုမင်္ဂလာအခမ်းအနားသို့ မုန်းစွဲရုပ်ရှင်ဇာတ်ကားတွင်ပါဝင်ခဲ့ သရုပ်ဆောင်များနဲ့ အဖွဲ့သားတွေ ဖိတ်ကြားထားတဲ့ အနုပညာရှင်တွေတက်ရောက်ခဲ့ပြီး စည်းစည်းလုံးလုံးနဲ့ ထီးတော်တင်ခြင်းအခမ်းအနားကို အောင်မြင်စွာအဆုံးသက်ပြီးစီးခဲ့ပါတယ်။မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အောင်မြင်မှုတွေများစွာကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။

ဝမ်းနည်းစရာတစ်ခုကတော့ ထိုရုပ်ရှင်ဇာတ်ကားကြီးဖြစ်မြှောက်ဖို့ အစစအရာရာ သူကပဲဦဆောင်ခဲ့ပြီး ကိုယ်တိုင်ကျရာဇာတ်ရုပ်မှာ ပြီပြင်အောင် သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်မင်းသွေး မရှိတော့တာပဲဖြစ်ပါတယ်။ထိုသို့ပြုလုပ်ခဲ့တဲ့ ထီးတော်တင်အခမ်းအနားကုသိုလ်တွေကိုလဲ ကောင်းရာမွန်ရာ ဘ၀ကနေ သာဓုခေါ်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်။

Source ; 7th Sense Creation

Leave a Reply

Your email address will not be published. Required fields are marked *