ဒိုက်ဦးမြို့မှာ ငါးထောင်တန် အထပ်လိုက်ကြီးနဲ့ ပစ်ပေါက်ပြီး လှူဒါန်းခဲ့တဲ့ Travel blogger မလေး အိမ့်ချစ်ချော – Myanmar Hot News
7th June 2023

ဒိုက်ဦးမြို့မှာ ငါးထောင်တန် အထပ်လိုက်ကြီးနဲ့ ပစ်ပေါက်ပြီး လှူဒါန်းခဲ့တဲ့ Travel blogger မလေး အိမ့်ချစ်ချော

ချစ်သက်တမ်း (၁၁) နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အဆိုတော်နေဝင်းနဲ့ ခရီးသွားဘလော့ကာလေး အိမ့်ချစ်ချောတို့ချစ်သူ နှစ်ယောက်ဟာ ပရိသတ်တွေအားလုံးသဘောကျတဲ့ ဆယ်လီစုံတွဲလေး တစ်တွဲပါပဲ။ ကိုယ်စီလျှောက်လှမ်းနေတဲ့ လမ်းကြောင်းပေါ်မှာအောင်မြင်မှုတွေကိုယ်စီနဲ့ ပရိသတ်အားပေးမှုကို ရရှိထားကြသူတွေဖြစ်ပြီး အချိန်တွေအကြာကြီး တွဲလာခဲ့ပေမယ့် အခုချိန်ထိ အချစ်မလျော့ပဲ ပိုပိုတိုးပြီးသားချစ်နေခဲ့ကြပါတယ်။

ခရီးသွားဘလော့ကာလေးဖြစ်လို့ မြန်မာပြည်အနှံ့ခရီးတွေသွားခဲ့ပြီး သူမဝါသနာပါတဲ့အလုပ်ကို ပျော်ပျော်ကြီးလုပ်နေခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ နေဝင်းကလည်း အားတဲ့အချိန်တိုင်း ချစ်သူလေးနောက်ကိုလိုက်ပြီး အချစ်နဲ့အတူတူ ခရီးထွက်ပြီး ပျော်စရာကောင်းတဲ့အချိန်တွေကို အတူတူကုန်ဆုံးရင်း အချစ်တွေကိုပျိုးထောင်နေခဲ့တာပဲဖြစ်ပါတယ်။

မနေ့က သူခိုးကြီးညမှာတော့ မြန်မာတို့ရဲ့ဓလေ့တစ်ခုဖြစ်တဲ့ လိုအပ်နေသူတွေကိုရည်စူးပြီး ပံ့သကူပစ်တဲ့အလေ့အထလေး ကို ချောတစ်ယောက် ” ဒီနေ့ည ပံ့သကူပစ်မယ် လိုအပ်သူတွေ ရကြပါစေ ဘယ်သူတွေကော ဘယ်မြို့မှာ ပံ့သကူပစ်ကြမှာ လဲ? ချောကအခုဒိုက်ဦးရောက်နေလို့ ဒိုက်ဦးမြို့မှာ ပံ့သကူပစ်ပါမယ်ဆိုပြီး လှူတန်းခဲ့တာပဲဖြစ်ပါတယ်။
သာဓုပါ ချောလေးရေ။

Leave a Reply

Your email address will not be published. Required fields are marked *