
ပန်ကိတ်ဒါဒါ ကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်တွေရဲ့အချစ်တော်တစ်ယောက် လို့ ဆိုရမှာပါ။ သူမရဲ့ စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ အပြောလေးတွေကြောင့် သူမရဲ့ ပရိသတ်တွေကတော့ မိန်းကလေးတွေပဲ အများဆုံးလို့ ပြောရမှာပါ။ သူမကတော့ အခုချိန်မှာ ပရိသတ်တွေကို ခွန်အားရှိတဲ့ စာလေးတွေနဲ့ အတူ Beauty Blog လေးတွေ လုပ်ကာ ပရိသတ်တွေနဲ့အဆက်အသွယ် မပြတ်ရှိနေတာပါ။


မကြာသေးမီက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပန်ကိတ်ဟာ မြန်မာပြည်ကိုအရမ်းလွမ်းနေတာ ဖြစ်ပြီး အလုပ်ကိစ္စနဲ့ မြန်မာပြည်ကိုပြန်လာရတော့မှာ ဖြစ်တာကြောင့် အရမ်းဝမ်းသာနေကြောင်းကို ” Yayyyyyy …လာမယ့်လမှာ ဒါဒါ့ရဲ့ page ဖြစ်တဲ့ Pancake DADA နဲ့ပါတ်သက်တဲ့ အလုပ်ကိစ္စအတွက်မြန်မာပြည်ပြန်လာဖို့ရှိလို့ အရမ်းပျော်နေပါတယ်။မြန်မာပြည်ကြီးရေ လွမ်းတယ်ဗျို့… (ဒါဒါ့ကိုအလုပ်ကိစ္စနဲ့ပါတ်သက်ပြီး ဘယ်လိုဆက်သွယ်ရမလဲ မေးနေကြလို့Page မှာ ထည့်ထားတဲ့ ဖုန်းနံပါတ်နဲ့Pancake DADA ရဲ့ မန်နေဂျာကို တိုက်ရိုက်ဆက်သွယ်လို့ရပါကြောင်း) I will see you all soon … ” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရော ချစ်စရာကောင်းပြီး ပွင့်လင်းလွန်းတဲ့ ပန်ကိတ်လေးကို မြန်မာပြည်ပြန်လာတော့မှာကို သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
