အသည်းကွဲတိုင်း နီနီကို အမြဲတမ်း ရင်ဖွင့်ဖြစ်တယ်ဆိုတဲ့ ထက်ထက် – Myanmar Hot News
31st May 2023

အသည်းကွဲတိုင်း နီနီကို အမြဲတမ်း ရင်ဖွင့်ဖြစ်တယ်ဆိုတဲ့ ထက်ထက်

ထက်ထက် ကတော့ ခက်ခဲကြမ်းတန်းလှတဲ့ ဘ၀ခရီးလမ်းတွေကို လျှောက်လှမ်းဖြတ်ကျော်လာရပြီး အခုဆိုရင်တော့အောင်မြင်တဲ့ Make up ဖန်တီးသူတစ်ယောက်အနေနဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။လူသားတစ်ဦးဖြစ်တာကြောင့် အချစ်နဲ့ထိတွေ့မိတိုင်း ထိရှလွယ်တဲ့ နှလုံးသားလေးနဲ့ မထက်ကတော့ ချစ်မိတိုင်း ခနခနအသည်းကွဲတက်တက်သူလေးဖြစ်ပြီး အသည်းကွဲတိုင်း အမြဲတမ်းငိုလေ့ရှိပါတယ်။

အသည်းကွဲတိုင်း အများဆုံးရင်ဖွင့် ဖြစ်တာကတော့ နီနီကိုပဲ ရင်ဖွင့်တာများတယ်။သီးသန့်ကြီး တော့ ဘယ်သူ့ကိုမှရင်ဖွင့်တယ်လို့လဲမရှိပါဘူး တွေ့တဲ့သူတိုင်းကို ပြောပြတယ် ဒါမယ့် နီနီနဲ့ကြတော့ အမြဲတမ်းတွေ့ဖြစ်တယ်။အလုပ်ကိစ္စပဲဖြစ်ဖြစ် အလုပ်ကိစ္စပဲဖြစ်ဖြစ် နှစ်ယောက်သားတွေဖြစ်တာများတယ် အလုပ်တွဲလုပ်လာတာကလဲ ၇နှစ်ကျော်လောက်ရှိပြီဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက်ကသိနေပြီလေ။

အချစ်ရေးနဲ့ပက်သက်လာရင် ပြောပြောပြီး ငိုတယ် အာ့အခါကြရင် နီနီလဲငို ကိုယ်လဲငိုပဲ တစ်ခါတစ်လေ ကြရင်နီနီကတောင်စတယ် အစ်မပြောတဲ့ အကြောင်းလေးတွေ သီချင်းလေးတွေ ထည့်ထည့်ရေးထားတယ် ဘယ်သီချင်းရဲ့ ဘယ်စာပိုဒ် လေးကတော့ အစ်မနဲ့ တိုက်ဆိုင်တဲ့စာသားလေး၊ ကိုယ်ကလဲ အရှက်မရှိ သူသီချင်းတိုင်းကိုနားထောင်ပြီး ငိုတာပဲ လို့ ရယ်မောကာပြောပြထားတာပဲဖြစ်ပါတယ်။

Source ; MC

Leave a Reply

Your email address will not be published. Required fields are marked *