၁၀တန်း ကျောင်းသူဘဝတုန်းက အမှတ်တရ ဓာတ်ပုံလေး ချပြလိုက်တဲ့ ချောရတနာ – Myanmar Hot News
30th May 2023

၁၀တန်း ကျောင်းသူဘဝတုန်းက အမှတ်တရ ဓာတ်ပုံလေး ချပြလိုက်တဲ့ ချောရတနာ

ချောရတနာကတော့ လက်ရှိမှာ သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက် ဖြစ်ပါတယ်။ သားလေးနဲ့ သမီးလေးကလည်း မေမေ့ဆီက အလှတရားတွေကို ပိုင်ဆိုင်ထားကြလို့ ပရိသတ်တွေရဲ့ သည်းသည်းလှုပ် ချစ်ခင်မှုကို ရယူထားကြပါတယ်။

ချောရတနာဟာ သူမ လျှောက်လှမ်းခဲ့တဲ့ အနုပညာခရီးလမ်းကြောင်းမှာ ကြော်ငြာဗီဒီယိုများနဲ့ ရုပ်ရှင်ကားကောင်းများကို ရိုက်ကူးထားခဲ့ပြီး ဖြစ်ပါတယ်။ “ဥ” ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ အကောင်းဆုံး အမျိုးသမီး ဇတ်ပို့ဆုကို ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာတော့ ကြာခဲ့ပါပြီ။ သူမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ အနုပညာအလုပ်တွေကို ဆက်ပြီး လုပ်စေချင်နေကြပါတယ်။

ခင်ပွန်းရဲ့ အပြည့်အဝ နားလည်ဖြည့်စည်းပေးမှုတွေအောက်မှာ သား၊သမီးလေးနဲ့အတူ ပျော်ရွှင်နေတဲ့ သူမကတော့ အိမ်ထောင်ကျပြီးတဲ့တိုင်အောင် အလှတရားတွေက တိုးပွားနေတုန်းပါပဲ။ ခုဆိုရင်တော့ သူမရဲ့ ငယ်စဉ်အခါ ဆယ်တန်းကျောင်းသူ ဘဝတုန်းက ပုံလေးတွေကို သူမရဲ့ Facebook စာမျက်နှာမှာ ချပြခဲ့ပါတယ်။မင်းသမီးလေးလို့ ပြောစရာမရှိအောင် ကားဖောင်းဖောင်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းနေပါတယ်။

ဆံနွယ်ရှည်ရှည် လေးနဲ့ သူမရဲ့ ပုံရိပ်လေးကို ကြည့်လိုက်ရအောင်။

Source; Chaw Yadanar

Leave a Reply

Your email address will not be published. Required fields are marked *